Ep - 27

2.4K 274 37
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 27 )

" ဟုတ်ပြီလေ... ဦးတို့အချိန်သုံးရက်ယူမယ်... ပြီးရင်... (...) ပန်းခြံမှာပြန်တွေ့ကျမယ်... ရှိုင်းငယ်ကလည်း ဒီသုံးရက်အတွင်း သေချာစဉ်းစား ဦးကလည်း ဒီသုံးရက်အတွင်မှာ သေချာပြင်ဆင်မယ်....
ရှိုင်းငယ်ဘက်က ပေးလာမယ့်အဖြေက ဘာပဲဖြစ်ဖြစ် ဦးလက်ခံပေးမယ်..."

ဒီကလေးငယ်ကို ပိုပြီးတည်ငြိမ်အောင် အချိန်သုံးရက်ပေးလိုက်သည်။ ရက်အနည်းငယ်လေးအတွင်းမှာ အများကြီးလှုပ်ရှားပစ်ခဲ့သည်မို့...။

" ဟုတ်ပြီ ဒါဆို နောက်သုံးရက်နေမှတွေ့မယ် "

" အာ...နေဦး... ဒီညနေတော့ ထပ်တွေ့ချင်တယ်..."

" အာ...ဘာဆိုင်လို့လဲ "

" ဆိုင်တယ်...ဆိုင်တယ်... ကဲပါ...ထားတော့... ကျောင်းလည်းရောက်ပြီ "

" အင်း..."

ကျောင်းရှေ့ရောက်နေသည်ကိုပင်မသိအောင် အတွေးနက်နေသော ကောင်လေး... ။ ညနေသူ့မွေးနေ့ပွဲတော့ လုပ်ဖြစ်အောင်လုပ်ပေးရမည်လေ...။

( တစ်ခုပြောချင်တာကလေ.. Major ကျောင်းတွေက အောက်တိုဘာမှာကျောင်းပိတ်ပြီဗျ... YUFL ကိုကျွန်တော်သေချာမသိထားဘူး ဒီနေရာမှာ Data မှားဖို့များတယ်... ဒါပေမယ့် ဇာတ်လမ်းကိုတော့ ဒီအတိုင်းပဲဆက်သွားပါ့မယ်...)

တစ်လှမ်းချင်းလှမ်းကာဝင်သွားသော ရှိုင်းငယ်လေးရဲ့ နောက်ကျောကိုကြည့်ရင်း... မတော်လို့များ ' လုံးဝ မတွဲနိုင်ပါ ' ဟု အဖြေပေးလာခဲ့ရင် ကျွန်တော်ခံနိုင်ရည်ရှိပါ့မလား တွေးမိသည်။

xxx  xxx  xxx

အတန်းပြီးပြီမို့ အိမ်မပြန်သေးပဲ တစ်နေရာသွားချင်မိသည်။
လွင်ပြင်တစ်ယောက်ကလည်း ကျောင်းမလာပြန်။

အချိန်သုံးရက်...
အချိန်သုံးရက်...

သုံးရက်ပြီးရင် အဖြေတစ်ခုပေးရတော့မယ်... ဘယ်လိုပေးရမှာလဲ..။.
ရင်းနှီးပြီးသား Fomula က ' ကွာဟမှုတွေအရမ်းများတဲ့ Relationship တစ်ခုက စိတ်ဆင်းရဲရတယ် ' တဲ့။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now