Ep - 26

2.5K 300 52
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 26 )

ဒေါက်ဒေါက်...
" အစ်ကိုလေး...အစ်ကိုလေး...!! ဧည့်သည်..."

ဒီအချိန်ကြီးဧည့်သည်လာစရာလား...ဒီမှာနေမှန်းသိသူက ဦးစဝ်သော်ဝေသာရှိသည်။ ဒါပေမယ့် သူကလည်း အရှေ့တင်ပို့ပေးပြီးပြန်သည့်သူမျိုး...။

" လာပြီနော်...ကိုဆောင်း..."

အဖြေနှင့်အတူ... အိပ်ခန်းမှထွက်လိုက်တော့...။

တစ်စုံတစ်ယောက်က အတင်းဖက်တွယ်လာခြင်းကိုခံရပြီး တစ်ဆက်တည်း အရက်နံ့က လှိုင်ခနဲဖြင့်...။

" အဲ့ ဦးစဝ်သော်ဝေ...ဟာ... အရက်နံ့ကလည်း မွှန်နေတာပါလား "

" အီးဟီး... ရှိုင်းငယ်... ဦးကိုမထားခဲ့ပါနဲ့ "

! အစ်ကိုလေးက ဘယ်သွားမလို့လဲ!

ကောင်းရော...။
ကိုဆောင်းကထမေးတော့ ဦးစဝ်သော်ဝေက ဘုကြည့်လှည့်ကြည့်လေသည်မို့ တိခနဲအသံတိတ်သွားလေသည်။
အာဏာစက်ပြင်းလွန်းသည့် လူကြီးပင်...။

" အစ်ကိုလေး... ကျွန်တော်တို့ အပြင်ခဏသွားမလို့ရှိသေး သူရောက်လာတာ... ကျွန်တော်တို့သွားလိုက်ဦးမယ်နော်..."

" အော်.. ဟုတ်ကဲ့ "

ငမူးသမားနှင့် နှစ်ယောက်တည်းထားပစ်ကာ စိတ်ချလက်ချထွက်သွားသော ညီအစ်ကိုနှစ်ယောက်ကို ဘာမှမပြောလိုတော့...။

ဂလု....ဂလု.......ဂလု...

ရေမြိုချသံကြောင့်ကြည့်လိုက်တော့ ဘိုးတော်က ပုလင်းကိုလက်ကဆွဲလာပြီး ဒီတိုင်းမော့ချနေသည်ကိုး...။

" တော်တော့ မသောက်နဲ့တော့..."

" ဟင့်... အသည်းကွဲနေလို့ပါ... ဦးရဲ့ ရှိုင်းငယ်လေးရာ..."

" .. .......... "

ဘုန်း.......ဘုန်း..

ဘာပြောရမှန်းမသိ ကြောင်ကြည့်နေစဥ်. ရင်ဘက်ကိုတဘုန်းဘုန်းထုကာ ငိုပြန်လေသည်။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now