Ep - 25

2.5K 307 20
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 25 )

ရန်ကုန်မြို့၏မီးပွိုင့်တစ်နေရာ...

ပြင်ပက ကားဟွန်းသံလူသံ စျေးရောင်းသည့်အသံများဆူညံနေသလောက်... တိတ်ဆိတ်လွန်းနေသော ကားလေးတစ်စီးအတွင်း... မီးပွိုင့်စောင့်ရင်း ဘေးက ကောင်လေးကိုသာ လှည့်ကြည့်လှည့်ကြည့် ပြုံးရွှင်သော လူကြီးတစ်ဦး...

" ရှိုင်းငယ်... အိမ်ပြန်ရမှာပျင်းရင် ဦးကုမ္ပဏီကိုလိုက်လည်ပါလား "

ရှိုင်းငယ်အိမ်ကိုပြန်လိုက်ပို့သည့်လမ်းတွင် တောင်းဆိုကြည့်လိုက်သည်။ ဘာရယ်တော့မဟုတ်ပါ ချိုမြိန်သော အချိန်လေးအတွက် မခွဲချင်သေးသည့် သဘောသက်သက်သာ။

" အင်...ပိုပျင်းဖို့ကောင်းတာပေါ့..."

" မုန့်ဝယ်ကျွေးမယ်လေ..."

" ကလေးများမှတ်နေလား..."

စချင်လာပြန်သည်မို့ တမင်နေရာအကွက်အကွင်းများကို စိုက်ကြည့်လိုက်ပြီး...။

" အာ... ဦးမှားတာ...ဦးမှားတာ..ဟုတ်တယ်...ရှိုင်းငယ်က ကလေးမဟုတ်တော့ဘူးပဲ..."

" ဘာဗျ...ခင်ဗျား ကိုယ့်သားလောက်အရွယ်ကို နှာဘူးလာကျပြန်ပြီ...အော်
ဒါနဲ့... Bright ရော...အဆင်ပြေလား...ဟို စဝ်အိမ်လင်းကို ပြောတာ "

" အင်း...ပြေပါတယ်... သားနဲ့ထွဋ်နဲ့က နောက်တစ်ပတ်ထဲတောင် US ကိုပြန်တော့မယ်... "

အကျဥ်းကျုံးကျင်းပမည့် လက်ထပ်ပွဲကိစ္စကို​တော့ ထည့်မပြောလိုက်တော့ပါ။

" အော်..."

တိတ်ဆိတ်ကာ ကားအပြင်ဘက်သို့အကြည့်ပို့ထားသော ကောင်လေးကို စိတ်မကောင်းစွာကြည့်မိသည်။ ကိုယ့်ဘက်ကသာ တဇွတ်ထိုးလျှောက်ပြီး လက်ထပ်ခွင့်တောင်းသည်အထိပြုလုပ်ခဲ့ပေမယ့် ရှိုင်းငယ်ဘက်ကတော့ ချစ်ပါသည်ဟု... ဝန်မခံရသေးပေ...။

တကယ်တော့ ကျွန်တော်တို့အခြေအနေကလည်း ဘာလို့ပြောရမည်မှန်းမသိ။ ခုနောက်ပိုင်း သိပ်ခါးခါးသီးသီးမဟုတ်တော့ဘူးဆိုတဲ့ ကြည်နူးစိတ်တစ်ခုတည်းနဲ့ လုပ်ချင်ရာလုပ်ခဲ့မိသည်။ တကယ့်ရှင်းရှင်းလင်းလင်းဟုတ်သလားဆိုရင် မဟုတ်သေးပါ ။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now