Ep - 24

2.3K 296 43
                                    

ပိုင်းလုံး   (Ep - 24)

🎶🎶 I'll say ' will you marry me??'... I sware that I will mean it....I'll say ' will you marry me...?? ' 🎶🎶

ဟင်... ဒီသီချင်းချည်းပဲ ...နားထဲဝင်လာပြန်ပြီ ။

YBS စီးလာတော့လည်း မှတ်တိုင်ကြေညာသည့်အချိန်မှလွဲလို့ ဒီသီချင်းတစ်ခုတည်းသာ ကားပေါ်၌ ဖွင့်ထားသည်။
ယခု ကျောင်းရောက်တော့လည်း ဟိုမှဒီမှဖြင့် ယုတ်စွအဆုံး ကျောင်းအနီးပလက်ဖောင်းပေါ်က ဈေးဆိုင်သေးသေးလေးတွေကအစ တညီတညွတ်တည်း Jasan Derulo ရဲ့ ' Marry Me ' သီချင်းတစ်ပုဒ်တည်းသာ...ဖွင့်ထားကျပြန်သည်။

သောကြာနေ့ညကတည်းက စနေသည့်ဇာတ်လမ်း...Marry... Marry....Marry...
မနေ့ည တနင်္ဂနွေညကမှ အေးရာအေးကြောင်းနေခွင့်ရလေသည်။

တနင်္လာနေ့ ဒီမနက်... တစ်ခါ Marry... Marry နဲ့ ကြားရပြန်သည်။ ကိုယ်ကပဲ စိတ်ထဲရှိနေလို့ထင်ပါ့...။ ကြားသမျှ ဒါချည်းပဲသာ...။

ဟင်....!!!

ကျောင်းထဲခြေချမိတော့ ပူစီပေါင်းများ ပန်းများ ဆိုင်ခန်းငယ်လေးများဖြင့်... ကျောင်းသားပွဲတော်ဟု... ခေါင်းစဉ်တပ်ထားကာ ကျောင်းသားကျောင်းသူများလည်း စည်းကားနေသည်။

ဘယ်တုန်းကဘယ်လို ကျောင်းသားပွဲတော်ရှိသွားတာလဲ... ပိတ်ရက်နှစ်ရက်အတွင်းမှာလား...။

" ဟိတ်..အချစ်... "

" ဟင်...အော်... လွင်ပြင်..."

ရုတ်တရက်ကျောမှဖက်လာကာ...နှုတ်ဆက်လာသူ လွင်ပြင်...။

" မင်းအခုမှရောက်တာလား "

" အေး... ဒါနဲ့ ကျောင်းသားပွဲတော်က....."

" အချစ်...Will you marry me...?? "

ရုတ်တရက်...ကျွန်တော့ရှေ့သို့ရပ်ကာ ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ကျွန်တော့ကိုမော့ကြည့်ကာ ဆိုလာလေသည်မို့ ...။

" အာ... ဟေ့ကောင်.."

" I love you, Shine Sett. Will you marry me... ? "

ဟင်... ပန်းတွေပို့ပေး ပူပေါင်းတွေပို့ပေးတာ လွင်ပြင်လား...??
အဆုံးထိ ဦးစဝ်သော်ဝေလို့ ထင်မြင်ချင်ခဲ့မိသေးသည်။ ဒါဆို ဒီပွဲကရော... ပွဲတွင်းက ဆိုင်ခန်းလေးတွေကလည်း သီချင်းတစ်ခုတည်းသာ ဖွင့်ထားပြန်သည်.... Marry Me...။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now