Ep - 23

2.3K 286 29
                                    

🖤 ပိုင်းလုံး 🖤  (Ep - 23)

အဖြေရှာနေသော ကောင်လေးနှစ်ယောက်ကိုကြည့်ကာ... ကြည်နူးမိသည်။ ပျော်ရွှင်မိသည်။ ထွဋ်၏ သင်ပြပေးမှုအရ... ဒီလိုအသက်အရွယ်လေးတွေက အလွယ်တကူပျင်းရိသွားတတ်သည်တဲ့...။

ဟိဟိ.. သေချာတယ်.. ဒီည..ပျင်းကျမှာမဟုတ်တော့ဘူး....။
အော်...အဖြစ်သနစ်ကလည်း ခန္ဓာကိုယ်ချင်း စပ်ယှက်ပြီးကာမှ အစကနေပြန်ပိုးရသည့်အဖြစ်မျိုး...။

ဒါပေမယ့်လည်း ဒါကတစ်မျိုးတော့ ပျော်ရွှင်စရာကောင်းလေသည်။ နည်းနည်း ကလေးကလားနိုင်သည့် အပြုအမူဆိုပေမယ့်ပေါ့...။

xxxxxx

မနက်ဂျူတီထွက်ချိန်... အချိန်ကိုက်ပင် ကားတစ်စီးက ဆိုင်ရှေ့သို့ဆိုက်လာလေသည်။

" ဟင်.. ဦးစဝ်သော်ဝေ..."

ဒီလူကြီး နည်းနည်းတော့များပြီ.. ညလည်းလာ မနက်လည်းလာဆိုတော့။

" ရှိုင်းငယ်...မနက်စာလိုက်စားပေးပါလား "

" ဘာကိစ္စလိုက်စားဖို့လည်း.. ကျွန်တော်က..."

! ဟော..အစ်ကို... !

" အာ..ညီလေး...အစ်ကိုက ရှိုင်းငယ်ကို မနက်စာစားဖို့ခေါ်နေတာ... ညီလည်းလိုက်စားပါလား... "

ကျွန်တော့နောက်မှ ကပ်ပါလာသည့်သက်လွန်းက နှစ်ခါမခေါ်ရ ကားပေါ်ရောက်သွားလေပြီ။

! ဟုတ်ကဲ့ လာလေ...အမိုးသွားကျရအောင်...!

" အာ....ငါ... "

xxxxxx

" ဟေ.. ဒါဆို...ခုထိအဖြေမရကျသေးဘူးပေါ့...အစ်ကို့ကိုပြပါဦး ဝိုင်းစဉ်းစားပေးမယ်လေ..."

ဆွေသက်လွန်း၏ အာချောင်မှုဖြင့် ညကပန်းကိစ္စက ပေါ်သွားလေသည်။
ချီးကောင်က နည်းနည်းမှ အငြိမ်မနေ...ခုမှတွေ့သည့်လူဖြင့်လည်း ဓာတ်ကျနေပြန်သည်။

" အမိုး ပြလိုက်လေ...မင်းကဒ်တွေထုတ်.. "

" အာ...မ​ပြပါဘူး ဘယ်အရူးက ဘာတွေလာပို့မှန်းမသိတာကို..."

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now