အချစ်များစွာဖြင့် ( အပိုင်း၈ )

Начните с самого начала
                                    

' နှောင်းစားပြီးပြီလား မစားရသေးရင် အပြင်မှာသွားစားရအောင်လေ ကိုယ် မင်းကို ပြောစရာလည်းရှိတယ် ပြီးတော့ မိတ်ဆက်ပေးမဲ့သူလည်းရှိလို့'

သူသည်ပြုံးရယ်ကာ စကားပြောတတ်ပေမဲ့ သည်တခါတော့မတူ။ အရမ်းကို ပျော်ရွင်နေသလိုပင်။
နှောင်းစဉ်းစားမရဖြစ်နေတာက ဘာလို့သူပျော်ရွင်နေတာကို
နှောင်းမတွေ့ဖူးသလို နှောင်းစိတ်အနဲငယ်လည်းတိုနေမိသည်။ဘာလို့ဒီလောက်တောင်ဖြီးနေရတာလဲလို့လေ။

' နှောင်း... နှောင်းးးး'

' ဟင်! ဟမ် ..အင်း ဘာပြောလိုက်တာလဲ ဟီး'

'အပြင်မှာသွားစားရအောင် လို့ '

'အင်း သွားမယ်လေ '

' နှောင်း.. နှောင်းး ဘာတွေဒီလောက်တွေးနေ
တာလဲ'

'အင်း ဟို ဟို ဘာအကျီင်္ီဝတ်ရင်ကောင်းမလဲလ်ု့စဉ်းစားနေတာ ဒါဆို နှောင်းရေသွားချိုးလိုက်ဉီးမယ်နော် '

' အင်း'

နှောင်းလှည့်ပြန်နေစဉ်

ရောင်နီက' ကြီးမြ ကျနော့်အတွက် သံပရာ အေးအေးလေးတစ်ခွက်လောက်'

နှောင်း ကြားလည်းကြားရော 'နှောင်းလည်းသောက်မယ် ဒေါ်ကြီး နှောင်းလည်းမောနေတယ် '

'ဟေ အင်း ဒေါ်ကြီးနှစ်ယောက်စလုံးအတွက်ဖျော်ခဲ့မယ် '

'နှောင်း နေမကောင်းဘူးလား ဘာဖြစ်လို့လဲ '

' ဟင် ဘာဖြစ်လို့လဲ နှောင်းး နေကောင်းပါတယ်'

' အော် ဘားမှမဖြစ်ပါဘူး အိမ်မှာနေရင်း မောနေတယ် ပြောလို့လေ နှောင်းနေကောင်းရင်ပြီးပါဘဲ ကိုယ် လုပ်နဲနဲလက်စသတ်လိုက်ဉီးမယ် ၆နာရီကျရင် သွားကြမယ် ....

နှောင်း ခေါင်းငြိမ့်၍ အခန်းထဲပြန်ဝင်ကာ ခေါင်းထဲ၌၀င်လာသည့်အတွေးက ဟိုတစ်စ ဒီတစ်စ အားလုံးပေါင်းလိုက်ရင် ရောင်နီ့ကို ဒုက္ခရောက်စေမည့် အဖြစ်များသာ......'

ည ၆ နာရီရောက်သော်

နှောင်းသည် ဆံပင်ရှည်ကို စည်း၍မြင့်မြင့်ထုံးထားသည်။
ထို့နောက် ပန်းဆီရောင် ထဘီရင်ဖုံး ၀မ်းဆက်ကို အကျီင်္ီက လက်ပြတ်ကို ဇာဖြင့် ကားကားလေးချုပ်ထားသည်။ ထို့အတူ
အဖြူရောင်ဒေါက် အနေတော်သာရှိသော ဖိနပ်ကို ၀တ်ဆင်ကာ အောက်ထပ်၌မတ်တပ်ရပ်ကာစောင့်နေသည်။

အချစ်များစွာဖြင့် Место, где живут истории. Откройте их для себя