Ep - 22

2.2K 277 9
                                    

ပိုင်းလုံး  (Ep - 22)

" စဝ်... ငါတို့ US ကိုပြောင်းချင်လို့..."

မနက်စာဝိုင်းမှာ ရုတ်တရက် ထွဋ်ကပြောလာတော့ အံ့သြဘနန်းဖြစ်ရသည်။

" ဟေ... ဘာလို့တုန်းကွာ...ဒီမှာက ဘာဖြစ်လို့လဲ "

" ဒီလိုပါ... Baby ကလည်း မြန်မာနိုင်ငံမှာထက်...ဟိုမှာပိုပြီးပျော်မယ်ဆိုလို့ "

ထွဋ်ဆိုတဲ့ကောင်က တော်တော်အချစ်ကြီးသူပင်... သူချစ်မိပြီဆိုတာနဲ့ အစစအရာရာ သူအတွက်မဟုတ်တော့ သူချစ်ရသူအတွက်သာ ဦးစားပေးတတ်တော့သည့် လူမျိုး ။

ကျွန်တော်ကသာ ဒီတိုင်းမြင်ခဲ့သော်လည်း ထွဋ်က ချစ်သည့်စိတ်ဖြင့် ကျွန်တော်နဲ့ပက်သက်သမျှအရာရာကို လိုက်လံလုပ်ပေးနေခဲ့သည်ပဲ။

" အာ... သားက​ရော...မစဉ်းစားတော့ဘူးလားကွာ..ဖေဖေ့ဆီပြန်လာတာမှ မကြာသေးဘူး ပြီးတော့ သားမေမေကလည်း ဒီမှာလေကွာ..."
( ဒေါ်ပန်းအိမ်ရဲ့ အရိုးပြာက မြန်မာနိုင်ငံမှာရှိနေတာလို့ ဆိုလိုတာပါ)

! အင်း...သားဒီမှာ ဘာမှလည်းမလုပ်တတ်ဘူး... ပြီးတော့ လုပ်စရာလည်းမရှိဘူး... ပြောရရင် ဟိုမှာပဲနေချင်လာလို့..!

" ဒါဆို ဖေဖေ့အလုပ်တွေကူလို့ရတယ်လေသားရဲ့ ခုဆို...Shopping Mall တစ်ခုဆောက်ဖို့ Project တစ်ခုရှိတယ်... အထပ်သုံးဆယ်ပါတယ်... အပေါ်ပိုင်းဆယ့်ငါးထပ်က ကွန်ဒိုတွေ... သားက Engineering ပိုင်းကို ဝင်စရာမလိုပဲ ဒီအတိုင်း..."

" အွန်းးး ပျင်းစရာကြီး... "

" ဒါဆို...သား သီချင်းခွေထုတ်ချင်လား ဖေဖေထုတ်ပေးမယ်လေ..."

" ဟင့်အင်း... မထုတ်ချင်ပါဘူး... သားက ဒီအတိုင်းပဲ...နေချင်တာ..."

! Baby က Music Band တွေမှာ လိုက်တီးနေတော့.. ငါလည်းပြောတာပဲ Band တစ်ခုထောင်မလားလို့... Baby ကခေါင်းရှုပ်မခံချင်ဘူးတဲ့!

" ကဲ...ပြောမရလည်း သွားကျပေါ့ကွာ...ထွဋ်မင်းကရော...ဘယ်လိုစီစဉ်လဲ "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now