Ep - 21

2.3K 303 21
                                    

🖤 ပိုင်းလုံး 🖤 (Ep - 21)

ဒီည စိတ်လှုပ်ရှားမှုက အတိုင်းအဆမဲ့..။

ရည်စားနဲ့ချိန်းတွေ့မယ့် ကောင်ပေါက်စလေးသဖွယ်...ရင်ထဲတလှပ်လှပ်ခုန်ကာ စိတ်လှုပ်ရှားလွန်း၍ လက်ဝါးအချင်းချင်းပွတ်တိုက်နေမိသည်က မီးခိုးညှော်နံ့ထွက်တော့မတတ်ပင်။

အကြောင်းက...
ယခုဆို ကျွန်တော့ရဲ့ ယခင် Play Room လုပ်ခဲ့ည့် အခန်းအပြည့် LED Screen ကြီးများထက် မကြာခင်ပုံရိပ်လေးတစ်ခု၏ ပကတိလှုပ်ရှားနေမှုများကို မြင်ရတော့မည်မို့။

ရှိုင်းငယ်လေးအဆောင်ပဲထားပါတော့...။
အဲ့ဒီကွန်ဒိုတစ်ခုလုံးကို ဒီနေ့ပဲ CCTV လို Spy Camera သေးသေးလေးများနေရာအနှံ့တပ်ဆင်ကာ...အိမ်ကနေ ထိုင်ကြည့်နေဖို့ စီစဉ်ခဲ့ပြီမို့။

နေ့လည်ကလည်း ထွဋ်ကိုကပ်မေးမိသည်။ ' ငါ့သားကို ဘာလို့လက်ထပ်ဖို့ ဆုံးဖြတ်တာလဲ ' ဆိုတော့ ' ငါကအချစ်မခံဘူးတော့ အချစ်ခံရတဲ့အရသာကို အရမ်းချစ်သွားလို့ ' တဲ့... သားက ထွဋ်ကိုချစ်တယ်လို့ ဖွင့်ပြောတုန်းက အချစ်ဦးကျွန်တော့အကြောင်းပြောကာ ငြင်းခဲ့သည်တဲ့... ငြင်းသည့်ကြားမှ နယ်လွန်သည်အထိဖြစ်ကာ... ကျွန်တော်နှင့်အတင်းလက်ထပ်ခိုင်းသည်အထိ...သားကပေးဆပ်ချစ်ပြခဲ့လို့ ထွဋ်ဆိုတဲ့လူပျိုကြီး Heart ထိသွားခဲ့ရသည်တဲ့။

ရှိုင်းငယ်... ဦးကရော... ရှိုင်းငယ် Heartထိဖို့ ဘယ်လိုလုပ်ရပါ့မလဲကွာ...။

အဲ ကြည့်နေတုန်း Camera No 1 ကနေ...မြင်နေရသည်က အိမ်တံခါးအားဖွင့်ကာ ရှိုင်းငယ်လေး ဝင်လာသည်။ ဖိနပ်ချွတ်ကာ စင်ပေါ် သပ်သပ်ရပ်ရပ်တင်နေသည်ကို မြင်ရသည်။

အကြီးကောင် နွေဝေးနဲ့စကားတွေပြောဆို ရယ်မောပြီး အိပ်ခန်းထဲဝင်သွားသည်။

အိတ်ကိုချ​ကာ ရေချိုးခန်းထဲတန်းဝင်သွားလေသည်မို့ ထိုညီအစ်ကိုနှစ်ယောက်ကို မှာစရာတစ်ခုထပ်တိုးမှတ်ထားလိုက်သည်။
' ရှိုင်းငယ်အပြင်က ပြန်လာလာချင်း ရေတစ်ဖန်ခွက် တိုက်ပေးရမယ်...' ဟု...။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now