အပိုင်း (၆) ​ထောက်ပံ့သူကို ခြိမ်းခြောက်ခြင်း

Start from the beginning
                                    

ထို့ကြောင့် ကုကျိုးသည် ဤနေရာတစ်ဝိုက်တွင် နှစ်ရက်လောက် လှည့်ပတ်သွားလာနေပြီး အခွင့်အရေးတစ်ခုမှလည်း ရှာမတွေခဲ့ပေ။

ထုံးစံအတိုင်း သူသည် ယ​နေ့ညတွင်လည်း သူ၏အကျင့်အတိုင်း နံရံပတ်ချာလည်တွင် ဘာဘာညာညာ ခွေးတိုးပေါက်လေးများ ရှိလိုရှိငြား လိုက်လံရှာဖွေသော်လည်း အချည်းအနှီးသာဖြစ်ခဲ့သည်။

ကုကျိုးခမျာ ဘာမှမတတ်နိုင်သည့်အဆုံး ခေါင်းထဲကနေ ငြီးတွားလိုက်၏ : System, မင်းက အမြဲတမ်း မစ်ရှင်တွေကျပေးပြီး ဘာဖြစ်လို့ ဆုလေးဘာလေးမပေးတာလဲ? တကယ်လို့ မင်းကငါ့ကို ကိုယ်ပျောက်ဆေးလုံးဖြစ်ဖြစ်၊ နံရံဖောက်ထွင်းဆေးလုံးဖြစ်ဖြစ်ပေးခဲ့ရင် ငါအခုလိုမျိုး ပင်ပင်ပန်းပန်းကြိုးစားနေဖို့ လိုပါတော့မလား?

System ၏အဖြေကတော့ ခါတိုင်းလိုပင် ရိုးရှင်းတိကျနေ၏။

[ဒီ System က နည်းပညာသင်ယူဖို့အတွက် လမ်းကြောင်းပေးတာသာဖြစ်ပါတယ်။ အဲ့ဒါက ဆုကိုအရင်ပေးပြီးမှ တန်ရာတန်ကြေးယူတာဖြစ်ပါတယ်။ Host ရရှိခဲ့တဲ့ ကျမ်းစာစာအုပ်တွေက အဲ့ဒီစာရင်းထဲမှာအကျုံးဝင်ပြီး Host ကို မျိုးမကြဲဘဲ ကောက်ရိတ်လို့မရ၊ အားမစိုက်ထုတ်လျှင် အကျိုးအမြတ်မရှိဆိုတဲ့ သဘောတရားကိုနားလည်စေပြီး လမ်းမှားကိုမလျှောက်မိအောင် ကာကွယ်ပေးမှာဖြစ်ပါတယ်။]

ကုကျိုး : "...."

သူက မေးခွန်းတစ်ခုပဲမေးရသေးပေမယ့် System ကသူ့ကို အခွန်းတစ်ရာလောက်နှင့် ပြန်လည်ချေပလိုက်သည်။ ဒါဆိုလည်း ပေးစရာမရှိလို့ပါလို့ သူ့ကို ရှင်းရှင်းလင်းလင်း ဘာလို့်မပြောလဲ?

ကောင်းပြီလေ၊ သူပြောတာ တရားနည်းလမ်းကျတယ်ပဲထားပါတော့

ဂူထဲပြန်ရောက်တော့ ကုကျိုးတစ်ယောက် တင်ပြင်ခွေထိုင်ကာ မျက်နှာမသာမယာဖြစ်နေတော့သည်။

အချိန်တစ်လက အခုဆို (၁၀)ရက်လောက်ကုန်သွားပြီ....လက်ရှိတွင် သူသည် လက်စည်းတံဆိပ်(၃)ခုကို လေ့ကျင့်ပြီး မိမိ၏ ကျွမ်းကျင်မှုကို တိုးတက်လာအောင် လုပ်ရန်မှတစ်ပါး အခြားဘာမှလုပ်နိုင်တာမရှိပေ။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now