Ep - 20

2.8K 353 41
                                    

ပိုင်းလုံး  (Ep - 20)

မြင်နေကျပုံရိပ်လေးမရှိတော့ ထိုပုံရိပ်ပိုင်ရှင်လေးနဲ့ စပ်ဆက်ခဲ့တဲ့ နေရာမှာ ငုတ်တုပ်ထိုင်နေမိသည့်အဖြစ်...။

Play Room...
Play Room ကို သေသေချာချာပြင်ဆင်ကာ ကျွန်တော်စိတ်ရှိတိုင်းနေခဲ့သည်။ သို့သော်လည်း ရှိုင်းငယ်လေးနဲ့ တွေ့ဆုံပြီးချိန်မှာ ဘယ်သူ့နဲ့မှနေချင်စိတ်မရှိတော့။
ပြောရရင် သူ့ရဲ့ကာမပိုင်က ကိုယ်ဆိုတဲ့အသိနဲ့ပဲ ထိန်းသိမ်းချင်လာခဲ့သည်။

" သူဋ္ဌေး... ဘယ်လိုလုပ်ရမလဲ "

" ရှင်းလိုက်ပါတော့ကွာ... ငါလည်းသုံးစရာမှမလိုတော့တာ..."

မျက်နှာမကောင်းပဲ မှိုင်းညို့တွေဝေနေကာ ငူငူကြီးထိုင်နေသူ ဦးစဝ်သော်ဝေကိုကြည့်ကာ မောင်စွာစိတ်မကောင်း..။ ငွေအကုန်အကျခံကာ Play Room တစ်ခုကို ပြင်ဆင်ခဲ့သည်။ နောက်ပိုင်း ကောင်မလေးတွေခေါ်လာကာ အသုံးပြုလေသည်။ မကြာပါ ကောင်လေးတွေပါ ပါလာချိန်ကျ အံ့သြဘနန်းဖြစ်ခဲ့ရပြန်သည်။

ရှိုင်းဆက်မိုးတုန်းကလည်း ဒီလိုပဲ တစ်ညခေါ်အိပ်ပြီး ပြီးသွားခဲ့မယ်လို့ ထင်မြင်မိခဲ့ပေမယ့် မဖြစ်လာခဲ့ပေ။
ရှိုင်းဆက်မိုးကို ပြန်ပို့ပေးတော့ ကောင်လေး၏ မျက်နှာမှာချွေးများသီးနေအောင် နာကျင်နေဟန်ကိုအထင်းသား မြင်နေခဲ့သော်လည်း မသနားမိ။ ပို့ခိုင်းလာသော ဆေးရုံတစ်ခုကိုပို့ပေးချိန်...ကားပေါ်မှဆင်းဆင်းချင်း ခွင်ခနဲကျမလိုဖြစ်သွားပေမယ့် မဖေးပပေးမိ။

အိမ်မှာလာနေသည့်အချိန်...ကြီးချို၏ပြောစကားများအရ ကောင်လေးက တကယ်ပင်ဖြူစင်ရိုးသားကြောင်း သိခဲ့ရသည်။

ပစ္စည်းများက မောင်စွာ့မျက်လုံးထဲ ကြောက်မက်ရှက်ရွံ့ဖွယ်ရာများဖြင့်။

" သူဋ္ဌေး အခန်းထဲပြန်နားလိုက်ပါလား ကျွန်တော်ရှင်းထားလိုက်ပါ့မယ်.."

" အင်းအင်း... "

မောင်စွာဖြင့်သာထားရစ်ခဲ့ပြီး Play Room အပြင်သို့ထွက်ကာ အိပ်ခန်းဆီပြန်လာချိန်...အခန်းဝတွင် ထွဋ်တစ်ခုခုပြောချင်ဟန် စောင့်နေသည်မို့။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now