Ep - 19

2.7K 342 34
                                    

🖤 ပိုင်းလုံး 🖤 (Ep - 19)

( တစ်ပတ်ခန့်အကြာ.....)

" ဘာ... အဆောင်ခက သုံးသောင်း...တ...တစ်လသုံးသောင်း ဟုတ်လား "

လက်သုံးချောင်းထောင်ကာ ကျွန်တော်ထပ်မံမေးလိုက်တော့ အရှေ့က ညီအစ်ကိုနှစ်ယောက်က မျက်နှာလေးများငယ်ကျသွားလေသည်။

" များလို့လားအစ်ကိုလေးရယ်... ဟိုများရင်လေ...လျှော့...လျှော့ပေးမယ်နော်..."

" မဟုတ်ပါဘူး...တန်လွန်းလို့ပါ အလကားခေါ်တင်ထားသလိုပဲ ဟီး  "

" အော်... တော်ပါသေးရဲ့ "

" ဟုတ်လို့လားဗျာ သုံးသောင်းက တကယ်ပဲလား "

တောက်ပပြောင်လက်နေသော ကွန်ဒိုခန်းတွင် သူ့အတွက် Aircon ပါသော အိပ်ခန်းတစ်ခုကို သုံးသောင်းတည်းသာ ယူ၍ငှားမည်တဲ့။ သူတို့ဦးလေးက စောင့်ရှောက်ခိုင်းထားလို့နေရင်း အရက်ဖိုးလေးရရ ငှားတာပါတဲ့။

Air Freaher နံ့က တစ်အိမ်လုံးစာမွှေးပျံ့နေသည်... ဧည့်ခန်း...အိပ်ခန်းများအားလုံးက Aircon ကိုယ်စီ။.. ၅၂လက်မ TV တစ်လုံးက ခန့်ခန့်ညားညား မွှေးပွကောဇောလေးရှေ့ချထားသည်။

အာ....မဟုတ်သေးပါဘူး... တစ်ခုခုတော့လွဲနေပြီ။

" ဦးစဝ်သော်ဝေ ခိုင်းထားတာလား... ??"

" အမ်...ဘယ်သူကြီး...??"

" အော်... ဘာမှမဟုတ်တော့ဘူး..ဒါဆို ကျွန်တော် မနက်ဖြန်ကိုပြောင်းလာခဲ့တော့မယ်နော်..."

" ဟုတ်ကဲ့ အခန်းအတွက်လိုတာတွေ ပြင်ဆင်ထားပေးပါ့မယ်..."

" ဟုတ်..."

ကဲ အဆောင်အတွက်တော့ အဆင်ပြေသွားလေပြီ။ အလုပ်အတွက် ၂၄နာရီ ဖွင့်တဲ့ Convenience Store တစ်ခုက ညဘက်သီးသန့် အလုပ်သမားခေါ်နေသည်တဲ့။

အလုပ်ရခဲ့ရင် ဦးစဝ်သော်ဝေဆီကနေထွက်လာလို့ရပြီမို့။ လစာမကောင်းရင်တောင် ခဏမှေးကာနေရမည်ပင်။ ဘာပဲဖြစ်ဖြစ် ဖွားငယ်ရက်လည်လေးကိုပင် တင့်တောင်းတင့်တယ် ဆွမ်းကပ်ပေးခဲ့သေးသည်။
ဖွားငယ်ဆုံးပြီးကတည်းက ခုထိဆို ဆယ်ရက်ထပ်ကြာသွားခဲ့ပြီ ။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now