Ep - 18

2.6K 312 21
                                    

🖤 ပိုင်းလုံး 🖤 (Ep - 18)

ဖြောင်း...

" ဟာ... သားဘာလုပ်လိုက်တာလဲ "
" Bright ဘာလို့ ရှိုင်းဆက်မိုးကို ရိုက်တာလဲ "

ရုတ်တရက် ကျွန်တော့မျက်နှာဆီလွင့်ပျံကျရောက်လာသည့် Bright ၏ လက်သီးကို ဦးစဝ်သော်ဝေက ဆီးကာလက်ဖြင့်ကာလိုက်သည်။

ဦးဝသုန်ထွဋ်လည်း Bright ၏ လက်မောင်းနှစ်ဖက်အား ချုပ်ကိုင်ကာ တားဆီးပေးလေသည်။

ဘာလို့ထိုးသလဲ ကျွန်တော်သိပါသည်။
ကျွန်တော်က မသန့်ရှင်းတဲ့ ပိုင်းလုံးချူဆီကောင်လို့ သူကသက်မှတ်ထားလို့ပါ။

ထိုးလို့များ မင်းရဲ့ဒေါသကိုလျှော့ချပေးနိုင်မယ်ဆိုရင်...ထိုးပေါ့ Bright ရယ်...။
ငါ့မှာဘာများပြောနိုင်ရမှာလဲ။ မင်းပြောခဲ့သလိုပဲ ငါက... ငါက မင်းအဖေကို ကပ်ပြီး ငါ့ဒုက္ခတွေကိုဖြေရှင်းခဲ့ရတာကို။

" ဦး.. ဒေါက်တာ...လွှတ်ပေးလိုက်ပါ...သူကျွန်တော့ကိုထိုးလိုက်ရင် နည်းနည်းသက်သာသွားလိမ့်မယ်...Bright ထိုးပါ...ထိုးလိုက်...မင်းအဆင်ပြေသွားမယ်မို့လား ထိုး..."

Bright လက်ကိုမြောက်ကာ ထပ်မံထိုးရန်အားယူလေသည်။ သို့သော်လည်း လက်ကပြန်လည်ကျသွားကာ ဦးဝသုန်ထွဋ်၏ ရင်ခွင်ထဲသို့ပျော့ခွေမေ့လဲသွားလေသည်။

" Bright... Bright "
" သား...သားရေ..."

Bright ကို ဝိုင်းကာခေါ်ရင်း ဦးဝသုန်ထွဋ်က ပွေ့ချီကာ အိပ်ခန်းထဲပြန်ခေါ်သွားလေပြန်သည်။

ပတ်ဝန်းကျင်လေထုထဲမှာတော့ ကျွန်တော့အတွက် ရှုရှိုက်စရာလေထုမရှိတော့သလိုပင်။ မွန်းကြပ်လွန်းသည်။ ပြီးတော့ ရုန်းကန်နိုင်စွမ်းမဲ့လေသည်။

xxxxxx

Crown Private Hospital...

ဖွားငယ်...
ဖွားငယ်ကတော့ ကုတင်ပေါ်မှ အိပ်မောကျနေတုန်းပင်...။ ပြတင်းတံခါးအပြင်မှာတော့ အမှောင်ရိပ်ကအတော်ပင်ကြီးစိုးနေလေပြီ။
ကျွန်တော့ဘဝကရော... သန်းခေါင်ထက်ပင် ညနက်ခဲ့လေပြီတဲ့လား။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now