Newတစ်ယောက် barမှာ ဟိုဝိုင်းကခေါ်လို့ပြေးလိုက် ဒီဝိုင်းက ခေါ်လို့ပြေးလိုက်နဲ့ အလုပ်ရှူပ်နေတုန်း.....
" Hey...... New "
New သူ့နာမည်ခေါ်သံကြားလို့ ကြည့်လိုက်တော့ Gunနဲ့ သူ့ဘဲကြီးနဲ့ သူတို့ဘေးမှာ ကောင်လေးကို လက်ချိတ်ပြီး စကားတေပြောနေတဲ့ Gunအမ.....
Newလဲ Gunဆီသွားလိုက်ပြီး
" Gun ဘယ်လိုရောက်လာတာလဲ "
" မင်းကျောင်းမလာတာ 2ရက်လောက်ရှိနေပြီမို့ မင်းဆီလိုက်လာတာ "
" Gunကလဲကွာ လာ.....တစ်နေရာသွားထိုင်ရအောင် "
" အင်း "
Newလဲ Gunတို့ 4ယောက်ကို စားပွဲလွတ်တစ်ခုကို ခေါ်လာခဲ့လိုက်တယ်........
" မင်းတို့ ဘာသောက်မှာလဲ "
" အပျော့စား ဝိုင် တစ်ပုလင်းလောက်မှာပေး "
" OK ငါသွားယူလိုက်အုံးမယ်နော် "
" အင်း မြန်မြန်ပြန်လာခဲ့နော် မင်းကို မိတ်ဆက်ပေးစရာရှိတယ် သိတယ်မလား "
" အေးပါ "
Newထွက်သွားတော့ Gunက Offဘက်ကို လှည့်ကာ
" အကိုကြီး မြင်တယ်မလား Newက အရမ်းသဘောကောင်းတာကို "
" မြင်ပါတယ် ပေါက်စရဲ့ "
" မမ...... "
Gunက သူ့မမကိုခေါ်တော့ သူ့မမက သူခေါ်တာမကြားဘဲ ဘေးကဘဲကြီးကိုသာ တယုတယ စကားပြောနေတာကြောင့် သူ့မမလက်ကို ဆွဲကိုင်လိုက်ကာ......
" မမလို့ "
" အော် အင်း ဘာလို့လဲ Gunလေး "
" ပြီးရင် ကျနော့်သူငယ်ချင်းနဲ့ မမကို မိတ်ဆက်ပေးမယ်နော် "
" အင်း "
Gunမမက Gunကိုစကားပြောနေရင်း ဘေးကဘဲကြီးက toilet သွားအုံးမယ်ဆိုပြီး ထထွက်သွားတယ် .........
သူ့ကိုကြည့်ရတာ Barက တီးလုံးသံတွေနဲ့ မီးအလင်းရောင်တွေကို သိပ်မကြိုက်တဲ့ပုံပဲ မျက်ခုံးတွေကို တွန့်ချိုးလို့.......
ခနနေတော့ Newက လင်ဗန်းတစ်ဗန်းပေါ်မှာ ဝိုင်တစ်ပုလင်းနဲ့ ဖန်ခွက် 4ခွက်ကိုထည့်ကာ ယူလာတယ်......

YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......