မနက်ဖြန် စည်းဆီထပ်သွားပြီး တောင်းပန်ရမည် ။
စည်းရောင်စုံ ခွင့်မလွှတ်မချင်း တောင်းပန်မည် ။
စည်းမရှိတဲ့ စစ်မင်းသူရဲ့ဘဝဟာ အရမ်းကို ခြောက်သွေ့လွန်းသည် ။ အရင်ကလို ဘေးကနေ တတွတ်တွတ်ပြောနေသည့် ကောင်လေးကို အရမ်းလွမ်းလှပြီ ။စည်းရောင်စုံ ဘယ်မှာနေလဲ ဘာလုပ်လဲဆိုတာကို သိရဖို့ မိမိလူတွေကို လွှတ်ထားလိုက်သည် ။
ချစ်ရသူ အနားကို ဘယ်သူမှ ကပ်ခွင့်မပေးဘူး ။
မင်းလည်း မကပ်ရဘူး စည်းရောင်စုံ....
ကျုပ်ကို ချစ်တက်အောင် လုပ်ထားပြီးမှ ကျုပ်အသည်းကို မခွဲပါနဲ့.......မင်းကို အရမ်းသတိရတယ်.....
တရက်တောင်မပြည့်သေးဘဲ မင်းကို အရမ်းလွမ်းနေတာ ကျုပ်အရမ်းကို ပိုနေတယ်ထင်နေမှာပေါ့.....
အရင်ထဲက အချစ်နဲ့အမုန်း ဒွန်တွဲနေထဲက မင်းကိုကျုပ် သိပ်ချစ်ခဲ့တာ....
ကျုပ်နမ်းမိတဲ့ နှုတ်ခမ်းလေးက သူများစားသုံးပြီးသားဆိုတာ သိပေမယ့်လည်း
ကျုပ်အရမ်းကို ကြိုက်တယ်....
စာအုပ်တစ်အုပ်က မဖတ်ရသေးရင် အသစ်ပဲလေ....
အဲ့လိုပဲ မင်းရဲ့ အစိတ်အပိုင်း အားလုံးက ကျုပ်အတွက် အသစ်တွေချည်းပါပဲ.....ဒီညတော့ မင်းကို လွမ်းပြီး အိပ်ရအုံးမယ်......
..........
မနက်စောစော ကြားလိုက်ရသည့်စကားက စစ်မင်းသူရဲ့ နားထဲကို သံရည်ပူလောင်းချလိုက်သလိုပင်....
" ဘာ.....!? "
" ဟုတ်တယ် ဆရာ မနက်အစောကြီးကပဲ အကိုလေးစည်းရောင်စုံက ဘန်ကောက်ကို ထွက်သွားတာ....
ကျွန်တော်တို့ စုံစမ်းရသလောက်က အဲ့လောက်ပဲ သိရတယ် ဆရာ... Zee Club ပိုင်ရှင်က အကိုလေး စည်းရောင်စုံ အကြောင်းကို သိုသိပ်ထားတော့ ဘာသတင်းမှ မရပါဘူး....
ဘယ်မှာနေတယ် ဘာသွားလုပ်တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး....."" မင်းတို့ ငါ့ကို အကြောင်းကြားရမယ်ဆိုတာ
မသိဘူးလား.... "" ကျွန်တော်တို့ အခုမှ သတင်းရတာပါဆရာ..."
" မင်းတို့အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ
တယောက်မှ အသုံးမကျဘူး....
အခုချက်ချင်းဘန်ကောက်ကိုလိုက်သွားပြီး
ရှာလာခဲ့....."
YOU ARE READING
မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy Love
Romanceမျက်စိမမြင်သူ ကောင်လေးတစ်ယောက်ကို မြင်မြင်ချင်း သနားဂရုဏာသက်ကာ မေတ္တာသက်ဝင်ခဲ့သူ........ သနားလို့ ချစ်ခဲ့တာမှန်ပေမယ့် သူ့ကိုစွဲလမ်းခဲ့တာကတော့ သနားစိတ်ကြောင့် မဟုတ်ခဲ့ပါဘူး....... ငါ့အချစ်တွေကို မင်းမြင်အောင် မကြည့်ခဲ့လို့ ငါဝမ်းမနည်းပါဘူးကွ.... ဒါပေ...
မျက်မမြင် အချစ်(၂၀)
Start from the beginning