Ep - 17

2.9K 320 25
                                    

🖤 ပိုင်းလုံး 🖤 (Ep - 17)

ဒေါက်ဒေါက်...ဒေါက်

" သူဌေး..."

ကုမ္ပဏီမသွားတော့ပဲ Laptop တစ်လုံးဖြင့် ရှိုင်းငယ်လေးအနား အိပ်ဖန်စောင့်ကာ အလုပ်လုပ်နေရင်းမှ တံခါးခေါက်သံကြောင့် အိပ်ပျော်နေသည့် ရှိုင်းငယ် နှိုးသွားမည်စိုး၍ အလျှင်အမြန်တံခါးဖွင့်ပေးလိုက်သည်။

" အင်း...မောင်စွာ..."

" သူဌေး... ဧည့်သည်ရောက်နေတယ်... စဝ်အိမ်လင်းတဲ့ ဟိုတစ်ခါလာတဲ့ကောင်လေးထင်တယ်..."

" အေးအေး...လာခဲ့မယ် မောင်စွာ သူ့ကိုစာကြည့်ခန်းထဲ ခဏစောင့်ခိုင်းထားနော်..."

" ဟုတ်ကဲ့ သူဌေး "

မောင်စွာထွက်သွားတော့ ရှိုင်းငယ်ဆီခဏပြန်လာကြည့်... နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာသေချာမှပင်... အောက်သို့ဆင်းလာခဲ့သည်။

အရင်ဆိုအိပ်လေ့အိပ်ထမရှိသည့် မွန်းလွဲပိုင်းအချိန်မို့ ရှိုင်းငယ် ဖျားနာနေမည်ကို စိုးရိမ်မိသည်မို့။

xxxxxx

" မဖြစ်နိုင်တာ...သားရာ... "

" ဘာလို့မဖြစ်နိုင်ရမှာလဲ ဖေဖေ....ဦးက ဖေဖေ့ကို အရမ်းချစ်တာဗျ "

စတွေ့ကတည်းက ဦးကိုသိတဲ့အကြောင်းအရင် မိတ်ဆက်တော့ အံ့သြတကြီးဟန်ဖြင့် ကြည့်လာလေသည်။

​ရူးကြောင်ကြောင်နိုင်သည့် အပြုအမူတစ်ခုဟုထင်ချင်လည်း ထင်ပါစေတော့။ ဦးက ဖေဖေ့ကိုချစ်နေကြောင်းပြောပြတော့ မယုံကြည်နိုင်ဟန်ငြင်းလာပြန်သည်။

" မဟုတ်နိုင်ပါဘူးသားရယ်...ထွဋ်က ဖေဖေ့ကို သူငယ်ချင်းလို ညီအစ်ကိုလိုချစ်တာပါကွာ... သားသူ့ကိုအထင်မမှားသင့်ဘူး "

" ဟော့ဒီနားကြီးနဲ့ဆက်ဆက်ကြားပြီး ဟော့ဒီရင်ဘက်ကြီးနဲ့ နာနာကျင်ကျင်ခံစားခဲ့ရတာဗျ...ဖေဖေရ.. ဟင့်... အီးဟီး "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now