1

6K 412 52
                                    

လောကကြီးမှာမတူ ၊ ကွဲပြားမူတွေအများ
ကြီးရှိသလို တူညီလျက်နဲ့ ကွဲပြားနေတဲ့
အချို့အရာတွေလဲရှိပြန်တယ်။

ဉပမာ ပြောရရင် ကျတော်နဲ့ကျတော်ညီပေါ့

ရုပ်ရည်ချင်းအရ ခွဲမရအောင်တူညီနေပေမယ့် သူနဲ့ကျတော်ရဲ့ အကျင့်တွေက တစက်လေးတောင်မှတူညီမူ မရှိခဲ့ဘူး။

သူက တိရ္ စ္ဆန်တွေ။ ၊ ကလေးငယ်တွေ
ချစ်သလောက်
ကျတော်ဆိုတာ အဝေးမြင်ရင်တောင် အနားမလာဖို့မောင်းထုတ်မိခဲ့တာ ။

သူက အဖော်သူငယ်ချင်းတွေမက်သလောက်
ကျတော်က တကိုယ်တည်းနေရတာကို ပိုသဘောကျမိခဲ့တာ။

သူက သစ်ပင်ပန်းပင်တွေ ၊သဘောကျသလောက် ကျတော်အတွက် အလုပ်ရှုပ်စရာလို တွေးခဲ့မိတာ။

ဒီလို အကျင့်တွေမတူခဲ့လိုလားမသိ
မေမေနဲ့ဖေဖေကလည်း ကျတော်ထက်
သူအပေါ် အချစ်ပိုခဲ့ကြတယ်။

အာ့ မေမေ ၊ ဖေဖေ တင်မဟုတ်ဘဲ
ဘွားဘွားနဲ့ အိမ်နီးချင်းတွေကပါ သူနဲ့ယှဉ်ရင်
ကျတော်ကို လစ်လျူရူတက်ကြတာ

မိနစ်ပိုင်းလေးပဲကွာတဲ့ အမွှာအကိုဖြစ်နေတဲ့
ကျတော်ကိုလေ။

အခုပဲကြည့် ၁၂ နှစ် ပြည့်မွေးနေ့ကို
အတူ ကျင်းပနေခြင်းတူတူ ၊ မီးရူးမီးပန်း ဖောက်ချင်တယ် ပြောတဲ့ အငယ်ကောင်ရဲ့
သဘောအတိုင်း မီးရူးမီးပန်း ဖောက်နေကျလေရဲ့။

" ဟင်!! ဟိုမှာ မီး မီးလောင်နေတယ် "

မီးရူးမီးပန်းတွေကုန်သွားလို အိမ်နောက်ဖက်က ဂိုထောင်လေးထဲ အငယ်ကောင် ပြေးဝင်သွားတာကို သူတွေ့လိုက် ရအပြီး
ထိုဂိုထောင်လေးထဲက မီးညွှန့်တွေကို တွေ့လိုက်ရသည်။

ဖေဖေနဲ့မေမေဟာ အော်ဟစ်ငိုကြွေးရင်း
အငယ်ကောင်ကို ကယ်ဆယ်ဖို့ ပြေးသွားကြချိန် သူ ရပ်မြဲတိုင်းသာ ရပ်နေခဲ့မိသည်။

မီးတွေများလာလို သူတို့အိမ်မကြီးတောင်
ကူးစပ်ကုန်လေပြီ။
မွေးနေ့ပွဲလာတဲ့ လူတချို့ဟာ ကြောက့်လန့်တကြားထွက်ပြေးနေကြကုနသညါ။

ဒါပေယ့်
ဖေဖေနဲ့မေမေဟာ
ထိုဂိုထောင်ထဲမှ အခုထိ မထွက်လာသေးပါ။ အငယ်ကောင်လဲ .ထိုနည်းတူစွာ...။

Same But Different ☑️ Complete Where stories live. Discover now