💜Part (100)💜

4.3K 502 12
                                    

System created

                       💜100💜

        စုန်ဟုန်းဟိုင် ရေခဲပန်းကို ပင့်မြှောက်လိုက်သော် ရေခဲပန်းသည် ကုသစွမ်းအင်၏ စေခိုင်းမှုကို နာခံသော အစေခံလေးနှယ် ပိုင်ရှင်း၏ဦးခေါင်းပေါ်သို့ အလိုလို လွင့်မျောသွားလေသည်။ အအေးဓာတ်တွေကို ရေခဲပန်းမှ ဖြည်းဖြည်းချင်း စတင်စုပ်ယူသည်။

       ပိုင်ရှင်းမှာ အအေးဓာတ်တွေကို စုပ်ယူခံနေရသည့်ကြား ပိုလို့တောင် အေးခဲလာသေးသည်။ တဆက်ဆက် တုန်ယင်လာကာ နှုတ်ခမ်းနဲ့ မျက်ခုံး ၊ မျက်တောင်များပေါ်တွင် ရေခဲမှုန်တွေ ဝဲသီလာ၏။

       သခင်ကြီး စိုးရိမ်သွားကာ ရှေ့တိုးမည်အပြင်။

"စိတ်ချပါ.... သူကုနိုင်တယ်"

       လဲ့ကျီ ဝင်ပြောတော့မှ သခင်ကြီးလည်း ငြိမ်သွား၏။ အဖြူရောင် အလင်းငွေ့များ ဖြည်းဖြည်းချင်း ရေခဲပန်းဆီ ဝင်ရောက်သွားရာ အအေးဓာတ်တွေ ဖယ်ရှားပြီးသည်နှင့် စုန်ဟုန်းဟိုင်သည် မီးတောက်ပန်းကိုသုံးကာ ပိုင်ရှင်း၏ အဆိပ်များကို ချေဖျက်ကုသပေးလိုက်တော့သည်။

["ဂုဏ်ယူပါတယ်.... ကုသမှု အောင်မြင်တဲ့အတွက် ပွိုင့်၅၀၀ ရရှိပါသည်.... လူကြီးမင်း၏စုစုပေါင်းပွိုင့် ၄၀၀၀"]

        စုန်ဟုန်းဟိုင် လက်ပြန်ရုတ်လိုက်ပြီး ထမယ်ပြင်တော့ လဲ့ကျီက သူ့ကိုလာတွဲထူပေးသည်။

"ပင်ပန်းသွားပြီ"
"ဘယ်ကလာ.... မင်းကသာ ပင်ပန်းရမှာ "

        တစ်ဖက်မှာတော့ ပိုင်ရှင်းသည် သူမ၏သိဒ္ဓိစွမ်းအင်များကို သုံးကြည့်ပြီးနောက် အဆိပ်ပြေသွားပြီး နောက်ပိုင်း သူမစွမ်းအင်တွေ အားကောင်းလာတာကို ခံစားမိလေသည်။ သခင်ကြီးလည်း သမီးဖြစ်သူ အဆိပ်ပြေသွားတာကြောင့် အင်မတန် ဝမ်းသာပီတိဖျာနေ၏။

        စုန်ဟုန်းဟိုင်ကိုလည်း အကြိမ်ကြိမ် ကျေးဇူးတင်နေတော့သည်။

        သခင်ကြီးနဲ့ သူ့တပည့်တွေ သယ်လာတဲ့ အသားခြောက်နဲ့ ရေကိုသောက်ပြီး လိုဏ်ဂူထဲတွင် တစ်ညအိပ်လိုက်ကြသည်။

        နောက်တစ်နေ့ မနက်တွင်။

"လဲ့ကျီ...."
"ဟင်...."

System created (Completed)Where stories live. Discover now