အပိုင်း (၂) ​သေ​လောက်​သည့်​မစ်​ရှင်

Start from the beginning
                                    

[မစ်ရှင်ရည်ရွယ်ချက် : မစ်ရှင်ပစ္စည်းများတွင်ပါရှိသော အချက်အလက်များကို လေ့လာဆည်းပူးရန်။ ဆေးဝါးများကိုသန့်စင်နေချိန်တွင် ဆေးဖက်ဝင်ချီစွမ်းအင်များ ထုတ်လွှတ်မည်ဖြစ်ပြီး ၄င်းတို့ကို System က အလိုအလျောက် သိမ်းဆည်းသွားမည်​ဖြစ်သည်။]

[ပြီးမြောက်ရမည့်အချိန်ကာလ : တစ်လ]

[ရှုံးနိမ့်ပြစ်ဒဏ် : ပျက်သုန်းခြင်း]

သိပ်ကောင်းတယ်။ ပြောတာကရှင်းလင်းနေတာပဲ!

ကုကျိုး အလွန်စိတ်လှုပ်ရှား​နေသည်။

ဒါကြီးက သူ့ကို ဆေးဝါးတွေကိုတောင်မသန့်စင်နိုင်ခင် အရင်သွားသေခိုင်းနေသလိုပင်! သူ့လို ဝါနုတဲ့အသစ်ကလေးတစ်ယောက်က ဒီလောက်အများကြီးကို ဘယ်လိုသင်ယူရမှာလဲ? တစ်လဆိုတဲ့အချိန်က အရမ်းမနည်းလွန်းဘူးလား?

မဟုတ်သေးဘူး! သူက ဒါမျိုးတွေ လုံးဝမသင်ဖူးပေမယ့် သူ့မှာအရင်ခန္ဓာကိုယ်ဆီကရတဲ့ မှတ်ဥာဏ်တွေရှိသေးတာပဲ။

ဒီတစ်ကြိမ်တော့ ကုကျိုးက သူ့ရဲ့ ဂဏာမငြိမ်စိတ်ကို ဖိနှိပ်လိုက်ကာ စိတ်ထဲကမှတ်ဥာဏ်များကို ပြန်လည်ဆန်းစစ်ကြည့်လိုက်သည်။ သူအမှတ်မမှားဘူးဆို ဒီခန္ဓာကိုယ်၏ မူလပိုင်ရှင်သည်လည်း ဆေးဆရာတစ်ယောက်ပင်ဖြစ်သည်။

သူ့ခမျာ တရားဝင်ဆေးဆရာတစ်ယောက် မဖြစ်ခဲ့ရပေမယ့်ပေါ့လေ.....

ကုကျိုးသည် မှတ်ဥာဏ်တစ်ခုချင်းစီကို သေချာစွာ စိစစ်ကြည့်လိုက်ပြီး ထိုဆယ်ကျော်သက်လူငယ်လေး၏ ဘဝကို အလုံးစုံနားလည်အောင်ကြိုးစားလိုက်သည်။

ထို့နောက်တော့ ကုကျိုး၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်ပေါက်လာသည်။

.....အဲ့ဒီ့ကုတင်ပေါ်ကကောင်လေး, သူက တကယ့်ကို ရှားမှရှားတဲ့ လူတကာချစ်ခင်ကြည်ညိုလေးစားရတဲ့ သူတော်စင် သူတော်ကောင်းလေးများလား? ကုကျိုးသည် သူ့ အသက်၁၅နှစ်တာကာလအတွင်း လူပေါင်းစုံ စရိုက်ပေါင်းစုံကို တွေ့မြင်ခဲ့ဖူးပြီးဖြစ်သည်။ သို့သော် ဤကဲ့သို့သော သူတော်စင်သူတော်ကောင်းလေးကိုတော့ သူ အခုမှပင် ပထမဆုံးအကြိမ် နဖူးတွေ့ဒူးတွေ့ မြင်ဖူးခြင်းဖြစ်တော့သည်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now