🖤 ပိုင်းလုံး 🖤 (Ep - 16)
အလင်းရောင်မဖျော့တဖျော့က အိပ်ခန်းထဲထိတိုးမပေါက်လာပေမယ့် နိုးနေကျအတိုင်း မျက်လုံးများကတော့ ပွင့်လာခဲ့သည်။
ဟင်...!!
ကျွန်တော့ရင်ခွင်ထဲ လုံးခွေကာဝင်တိုးနေသည့် ရှိုင်းငယ်... ။ ညက အပြင်ကအေးပေမယ့် အိပ်ခန်းထဲခပ်လှောင်လှောင်ဖြစ်သည်မို့ Aircon အပူချိန်ကို အဆုံးထိပင် လျှော့ချမိသွားပြီး အိပ်ပျော်ခဲ့သည်မို့ ကလေးပေါက်က ချမ်းလို့ကျွန်တော့ဘက်တိုးဝင်လာခြင်းဖြစ်မည်...။
" ဟိဟိ... ကလေးဆိုးလေး..."
တကယ် ကလေးဆိုးလေးပါ။
စတွေ့ကာစ ကလပ်မှာတုန်းက မနေနိုင်မထိုင်နိုင်လွန်း၍ စကားသွားခေါ်မိတော့ အချေခံလိုက်ရခြင်းမှစကာ စွဲလမ်းခဲ့ရသည့်ကောင်လေးက... တစ်ခါတစ်ရံ ကလေးတစ်ယောက်လိုပင် ခံစားချက်များက မျက်နှာတွင်ပေါ်လွင်တတ်ပြန်သည်။ဂျစ်ကန်ကန်ကောင်ဆိုးလေးအဖြစ်မြင်ရသလို ကြီးချိုနဲ့များဆို... အရုပ်ဖြင့်ပြေးဆော့တော့မည့် ကလေးပေါက်စကွီးလေးသဖွယ် ကလေးဆန်နေပြန်လေသည်။
ခုလည်း အိပ်ပျော်နေစဥ်ပင်...နှုတ်ခမ်းလေးက စူကာထားသေးသည်မို့ ပန်းရောင်ဂျယ်လီတုံးလေးကပ်ထားသည်လို ကိုက်ချင်စရာ... ။
တကယ်ကိုက်လိုက်ရင် နိုးသွားမှဒုက္ခပင်မို့ အသာလေးငြိမ်ကာငေးကြည့်နေမိသည်။ကလေးရယ်... ဦးရင်ထဲကိုဝင်ပြီးကြည့်စေချင်လိုက်တာ...။ ဘယ်လောက်တောင် မခံမရပ်နိုင်ချစ်နေမိလဲဆိုတာကို။
ကြည့်နေရင်း မျက်မှောင်လေးကျုတ်သွားပြန်ကာ အနည်းငယ်ပြုံးယောင်သန်းလာပြန်သည်။ ဟောဗျာ...ဘာတွေများအိပ်မက်မက်နေလဲမသိဘူး ။
အဟင်းး သေချာတာကတော့ အိပ်မက်ထဲမှာ ကျွန်တော်မပါဝင်နိုင်ရာ။
တွေးမိတော့ရင်ဘက်ထဲ အောင့်မျက်မျက်နာပြန်သည်။
အင်းးဟင်းးး! !!
" ဟင်... "

YOU ARE READING
🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )
General Fictionလူတွေက ပြောကျတယ်... ' ရှိုင်းဆက်မိုး ဆိုတဲ့ကောင်က ရုပ်ကလေး ဗန်းပြပြီး ဘဲကြီးတွေဆီက ချူစားနေတဲ့ကောင်... ပိုင်းလုံး ' တဲ့... Hakk Hakk