🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး

Start from the beginning
                                    

နွေဦးကချော့လိုက်တာတဲ့...မိုးပင်လယ်စိတ်ထဲမှာ ကြိတ်ရယ်လိုက်မိတယ်။အပြင်မှာထုတ်မရယ်ရဲဘူး...စိတ်ဆိုးသွားရင် လူကြီးရော ကလေးပါချော့နေရမယ်။သူ့ကိုမြင်တော့ကြာဖူးက အငိုရပ်သွားပြီး သူ့ဆီပြေးလာတယ်။မိုးပင်လယ်ကောက်ချီထားလိုက်ပြီးတဲ့အထိ  ကြာဖူးက သူ့လည်တိုင်ကြားမှာ ခေါင်းလေးဝှက်ပြီးရှိုက်နေသေးတယ်။နွေဦးကိုကြည့်လိုက်တော့  နားသယ်စပ်မှာတောင်ချွေးတွေစီးကျနေပြီ။.မိုးပင်လယ် ရယ်ချင်စိတ်ကို မျိုသိပ်ကာ တစ်ရှူးယူပြီး နွေဦးကိုပေးလိုက်တော့ လှမ်းယူရင်း...

"ကျေးဇူးပဲ...ခင်ဗျားသာပေါ်မလာရင် ကျွန်တော် ကလေးကိုထားပြီးထွက်ပြေးမိတော့မှာ"

ဒီတစ်ခါတော့သူ အသံထွက်ပြီးရယ်ချလိုက်တော့တယ်။
"ကလေး  အလာ့ဂျစ်ရှိတာလားနွေဦး"

နွေဦးကသက်ပြင်းချပြီး ခပ်ဖွဖွပြုံးကာ...
"ပေါက်ကရတွေစပြီ ခင်ဗျား...ကလေး အလာ့ဂျစ် ဆိုပြီးရှိမလား"

"မသိဘူးလေ...နွေဦးရဲ့ပုံက ချွေးစေးတွေပါပြန်နေတာကိုး"

"ဘယ်လိုချော့ရမလဲမသိလို့ပေါ့ဗျ...ကလေးချော့ဖို့နဲ့ နိုက်ဂျူတီတစ်ညဆို နိုက်ဂျုတီကိုပဲရွေးခဲ့တာ"

"ဟားဟားနွေဦးရယ်ဖြစ်ရမယ်..."

"မရယ်နဲ့!!ကျွန်တော်တကယ်မချော့တတ်တာ"

မရယ်နဲ့ဆိုကာမှမိုးပင်လယ် ရယ်လို့မဆုံးတော့ပဲ..သူ့ပါးကိုလှမ်းဖျစ်ပြီး..
"အေးပေါ့ ကလေး ကလေးချင်းဆိုတော့ ဘယ်ချော့တတ်မှာလဲ...ဟုတ်တယ်မလား...ကလေးလေး!"

နွေဦးလက်ကိုပုတ်ထုတ်လိုက်ကာ နှာခေါင်းရှုံ့ပြီး...
"ဘယ်သူက ကလေးလေးလဲ"

မိုးပင်လယ်က နွေဦးကိုပြန်နှာခေါင်းရှုံပြပြီး ပြုံးကာ နွေဦးနှာခေါင်းထိပ်လေးကိုလက်ညိုးနဲ့ထိရုံလေးထိပြီး...
"နွေဦးလေ...နွေဦးက ကိုယ့်ရဲ့ကလေးလေးပေါ့"

"ဟန့်!!ဖြစ်ရတယ် ....ဖယ်စမ်းပါခင်ဗျားလက်ကြီးကို..ဘာတွေပြောနေမှန်းမသိဘူး..ကလေးရှေ့မှာ"

နွေဦး ပြောပြီးပြီးချင်း မိုးပင်လယ်ကိုကျောခိုင်းလိုက်ပြီး သွားတွေပေါ်တဲ့အထိပြုံးလိုက်မိတယ်။နွေဦးက ကိုယ်တိုင်သာအဲ့လိုလေးတွေမပြောတတ်ပေမဲ့ ကိုယ့်ကိုချစ်စရာတီတီတာတာလေးတွေပြောရင်တော့ ယောင်္ကျားလေးပီပီ နှလုံးပီတိဂွမ်းဆီထိသလို သဘောကျတာပဲလေ။ပြောတဲ့လူကမိုးပင်လယ် ဖြစ်နေတော့ ပိုဆိုးပြီပေါ့။ဒါပေမဲ့ သူ့ရဲ့ကြည်နူးမှုက ကြာဖူးစကားကြောင့်ကြာကြာတောင်မခံလိုက်ရဘူး။

?Daffodils[Complete]Where stories live. Discover now