Ep - 15 🔞🔞

5.1K 306 34
                                    

🖤 ပိုင်းလုံး 🖤 (Ep - 15)

" ဦး... ဒါဘာပုလင်းလေးလဲ "

" ဟင်..အော် အဲ့ဒါလူနာတစ်ယောက်က လက်ဆောင်ပေးထားတာပဲ ကချင်အရက်တဲ့ ပြင်းတယ်ထင်တယ်..."

" ဟုတ်လား..."

Bright ရောက်ကတည်းက ကျွန်တော့ရဲ့ Mini Bar လေးအား စိတ်ဝင်စားနေလေသည်။ ကျွန်တော်က သောက်လေ့သောက်ထရှိသည်တော့မဟုတ်...။ သို့ပေမယ့် ပုလင်းလေးတွေ ရောင်စုံကိုစင်ပေါ်တင်ထား...ဝိုင်ပုလင်းလေးများကို စီစီရီရီထားကာ ဘားငယ်သေးသေးလေးတစ်ခုကို ဒီတိုင်းလေးကြိုက်လို့ ပြင်ဆင်ထားခြင်းသာဖြစ်သည်။

အင်း...သောက်မိသွားရင်လည်း...စဝ်နှင့်သိပ်မကွာ Control နည်းသွားသည့်အထဲတွင် ကျွန်တော်ပါလေသည်။

Bright မေးသမျှကို ဖြေပြီးသည်နှင့် ကျွန်တော့အာရုံက ချက်ပြုတ်ခြင်းဆီ ပြန်ရောက်သွားပြန်သည်။

မီးဖိုခန်းသေးသေးတစ်ခုက ဧည့်ခန်းဖြင့်ဆက်စပ်ထားသည် သဏ္ဍာန်ဒီဇိုင်းမျိုးဖြင့်...အဖြူရောင်များသော... ဧည့်ခန်းအပြင်အဆင်နှင့် ခဲနုရောင် မီးဖိုခန်းလေးက ကျွန်တော့အကြိုက်အပြင်အဆင်တစ်ခုပင်...။

ဧည့်သည်ဆိုတာ လာလေ့လာထမရှိတာလည်းကြာလေပြီ... တစ်ခါတစ်လေ ပါလာသည့်ဧည့်သည်ကိုလည်း ဘယ်လိုကဘယ်လိုညစာကျွေးချင်စိတ်ပေါက်နေသည်လည်း မပြောတတ်... အရသာရှိတာလေးတွေ ကျွေးချင်မိတာတော့အမှန်ပင်...။

ချက်ပြုတ်၍ ပြီးသွားချိန်...။

" မင်း... ခဏစောင့်မလား...ငါရေချိုးလိုက်ဦးမယ်...ပြီးမှညစာစားကျတာပေါ့.."

" ဟုတ်...ဦး "

စာအုပ်စင်ဆီအကြည့်ရောက်နေပြန်သော ကောင်လေးကိုထားခဲ့ကာ ရေချိုးပစ်လိုက်သည်။ တကယ်တော့ အခုထိ Bright နဲ့ပက်သက်၍ ခံစားချက်တို့ရှုပ်ထွေးနေတုန်းပင်...။ နာရီကိုကြည့်လိုက်တော့ ညနေ လေးနာရီဝန်းကျင်သာရှိသေး... ညစာအကုန်ချက်လို့ပြီးသွားသည့် ကိုယ့်အခြေအနေကိုယ်ရယ်မိလိုက်ပြန်သည်။
ဘယ်နှယ့်...စောစောစီးစီးကြီး ညစာကျွေးပြီး ' ပြန်တော့ ' ဟု ပြောမလို့များလုပ်မိနေသလား။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now