Ep - 14

3.6K 357 67
                                    

🖤 ပိုင်းလုံး 🖤 (Ep - 14)

တစ်ပတ်ခန့် ဆေးရုံတွင်ကုသမှုခံခဲ့ရပြီးချိန်တွင်...ဆေးရုံဆင်းဖို့ဖြစ်လာခဲ့သည်။
ဆရာဝန်ကြီးက ဦးစဝ်သော်ဝေအား သီးသန့်ခေါ်ကာ စကားပြောလေသည်မို့ ရှိုင်းဆက်မိုးနှင့် ဒေါက်တာဝသုန်ထွဋ် ပစ္စည်းတစ်ချို့သိမ်းဆည်းရင်း ကျန်ရစ်နေခဲ့ရသည်။

" လူနာက ဆေးရုံဆင်းလို့ရပါပြီ.. ဒါပေမယ့် ခွဲထားတဲ့နေရာကို သန့်ရှင်းရေး သေသေချာချာလုပ်မှဖြစ်မယ်ဗျ...ဆေးသေချာထည့်ပေးမှရမယ်။ ဦးစဝ်သော်ဝေ...ခင်ဗျားကောင်လေးကို ညှာညှာတာတာလေးတော့ ဆက်ဆံပါဗျာ... ခဏခဏ အဲ့လိုဖြစ်လို့မရဘူး "

" ဟုတ်ကဲ့ပါ ဆရာ ကျွန်တော်ဆင်ခြင်ပါ့မယ် "

" ခင်ဗျားလည်း သိမှာပါ...။ စအိုနဲ့ လိင်ဆက်ဆံတဲ့အခါ...စအိုဝမှာရှိတဲ့ ကြွက်သားအကျုံ့အချဲ့ကို အရမ်းအလုပ်ပေးရတယ် ... ကြာလာတဲ့အခါ အဲ့ဒီကြွက်သားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကျလာရတယ်..အဲ့လိုကျလာပြီဆိုရင် အောက်မှာနေတဲ့သူရဲ့ အူလမ်းကြောင်းနဲ့ အညစ်အကြေးစွန့်ပစ်ခြင်းလမ်းစဥ်တွေက ကမောက်ကမတွေဖြစ်ကုန်ရောပေါ့ဗျာ...။ ကျွန်တော်ပြောချင်တာကို ခင်ဗျားနားလည်တယ်မို့လား "

" နားလည်ပါတယ် ဆရာ "

" အခုဆို အနားသက်က ကွဲသွားတာကို ချုပ်ပေးထားရတယ်... လူငယ်မို့အလွယ်တကူပြန်ကျက်သွားပေမယ့် နောက်တစ်ကြိမ်သာထပ်ပြီး ချုပ်ရမယ်..ကွဲရမယ်ဆိုရင်... "

" အာ...စိတ်ချပါဆရာ မဖြစ်စေရပါဘူး ခုတောင် ကျွန်တော်နောင်တရနေပါပြီ "

တကယ်နောင်တရမိပါသည်။
ဗိုက်ဆာနေခဲ့ပြီး အစားလည်းစားမရ... ချုပ်ထားရသည့်ဒဏ်ရာက နာကျင်ကိုက်ခဲကာ ညဘက်ဆိုခဏခဏနိုးနေသော ရှိုင်းငယ်လေးကို ကြည့်ရင်း ကိုယ်သာဝင်ခံစားပေးလိုက်ချင်မိရသည်။

ဖြူစင်နိုင်အောင် ကြိုးစားပါ့မယ် ကလေးရယ်....။

" ဟောဗျာ... ခင်ဗျားနောက်ကိုသတိထားဖို့ပဲ ပြောတာပါ   ဖြစ်ပြီးတာတွေလည်း ပြီးသွားပြီပဲ မငိုပါနဲ့ဗျာ...နောက်ပိုကရုစိုက်ပေါ့ ဟုတ်လား "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now