" သားငယ်လေးရေ ပြီးပြီလား "
အခန်းတံခါးကိုဖွင့်ပြီး ဝင်လာတဲ့ မေမေကပြောတော့ သူလဲ အန်တီငယ်လက်ဆောင်ပေးတဲ့ ကင်မရာလေးကို လွယ်လိုက်ပြီး
" ဟုတ်မေမေ သားပြီးပြီ သွားကြမယ်လေ "
သားငယ်လေး ကင်မရာလွယ်ထားတာမြင်တော့
" သားငယ်လေး ကင်မရာက ဘာလို့ယူမှာလဲ "
" ဘန်ကောက်မှာနေရမဲ့ နောက်ဆုံးနေ့ဆိုတော့ မှတ်တမ်းတင်ထားချင်လို့ပါ "
" ဟုတ်ပါပြီ သားငယ်လေးက လူကြီးလေးကျနေတာပဲ စကားတတ်လိုက်တာ "
" ဟီး သွားကြမယ်မေမေ အန်တီလေးတို့ စောင့်နေကြတော့မယ် "
" ဟုတ်ပါပြီ "
သားမိ 2ယောက် အောက်ထပ်ကိုဆင်းလာတော့
" ကဲ လာကြပြီပေါ့ "
" ဟုတ် အန်တီလတ် ဒါနဲ့ အန်တီငယ်ရော "
" သား အန်တီငယ်က ပစ္စည်းတေယူပြီး ကားပေါ်တောင် ရောက်နေပြီ "
" ဒါဆို သွားကြရအောင်လေ နောက်ကျတော့မှာပဲ "
" လာ လာသွားကြမယ် "
သူတို့စီးလာတဲ့ကားလေး ဦးတည်ရာဖြစ်တဲ့ ဘုန်းကြီးကျောင်းကိုလဲရောက်တော့ သူ သူ့မေမေနဲ့ အန်တီ2ယောက် ကားပေါ်ကဆင်းပြီး လှူဖွယ်ပစ္စည်းတေယူကာ ဘုရားကျောင်းပေါ်သွားကြတယ်......
ဘုန်းဘုန်းကို ပစ္စည်းတေလှူပြီးတော့ ကန်တော့ကာ အန်တီငယ့် နားလေးကို ကပ်လိုက်ပြီး
" အန်တီငယ် သား ဘုရားကျောင်းထဲက ရှုခင်းလေးတေ ဓာတ်ပုံသွားရိုက်လိုက်အုံးမယ်နော် "
" သားငယ်လေး သွားချင်သွားလေ အန်တီတို့ ပြန်ခါနီးရင် လာခေါ်မယ် "
" ဟုတ် သားသွားပြီ "
ဘုရားကျောင်းပတ်ဝန်းကျင်က ရှုခင်းလှတဲ့နေရာလေးတေကို ဓာတ်ပုံရိုက်နေရင်း ဘုရားပေါ် တံမြတ်စည်းလှဲနေတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့တော့ အနားကို သွားလိုက်ပြီး
" Hello မင်္ဂလာပါ "
သူကနှုတ်ဆက်ပေမဲ့ ကောင်လေးက သူ့ကိုတစ်ချက်သာကြည့်ပြီး အလိုမကျတဲ့မျက်နှာနဲ့ သူ့အလုပ်သူပြန်လုပ်နေတာမို့ သူလဲနှုတ်ခမ်းလေးစူလိုက်ပြီး

YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......