Ep - 13

3.6K 366 33
                                    

🖤 ပိုင်းလုံး 🖤 (Ep - 13)

ဖုန်းထဲတွင် ကြားလိုက်ရသည့်အသံက ရင်းနှီးလွန်းနေသည်မဟုတ်လား။
အဘယ်ကြောင့်ဆိုရသော် ဦးဆီကဖုန်းနံပါတ်ရပြီးကတည်းက အ​ကြောင်းအမျိုးမျိုးပြကာ ဖုန်းဆက်နေခဲ့သည်မို့။

" ဦး မဟုတ်လား ဟုတ်တယ်မို့လား ဦး...ဦးက Shine နဲ့သိတာလား ။
ဟင်...Shine ရဲ့ဖုန်းက ဦးဆီကိုဘယ်လိုရောက်... ။ ဟာ.... ဒီအချိန်ကြီး ဦးကShine နဲ့ "

" ကဲ... Bright ရာ... မင်းကလည်း လွှတ်ပြီးကို တစ်ဆုံးထိတွေးနေတာလား "

" မ..မဟုတ်ပါဘူး...ဟို...အံ့သြသွားလို့ပါ။ ဦး...ဟိုလေ...Shine က..."

" ရှိုင်းဆက်မိုးလား အင်း သူ...ဆေးရုံမှာ "

" ဟာ...သူဘာဖြစ်လို့လဲ ဦး "

" အဲ... ဘယ်လိုပြောရမလဲ...အစာအိမ်ပေါ့.. အင်း..အစာအိမ်ပေါ့..နည်းနည်းအဆင်မပြေတာ "

" အော်...အဲ့ဒါကြောင့် ဟိုးရက်တွေက ဖြူရော်ရော်နဲ့ပါလို့တော့ တွေးမိသား။ ဦး သူဘယ်ဆေးရုံမှာလဲ... ကျွန်တော်သွားတွေ့လို့ရမလား "

" အင်းး အခုပဲ ရှိုင်းဆက်မိုးဆီခဏပြန်သွားမလို့ မင်းလိုက်မယ်ဆို လာခေါ်လိုက်မယ်လေ..."

" ဟုတ်.. ဦး...ဒါဆို.. ဒါဆို Dagon Center ရှေ့ကစောင့်နေလိုက်မယ်...Center 1 ဘက်ကစောင့်လိုက်မယ်နော် ဦး "

" Okay... see you soon "

ဦးဆီကဖုန်းချသွားပြီးချိန်ထိ... ရင်ထဲတွင် မရှင်းမရှင်းဖြစ်ရရင်း ဂျင်းပါးတစ်ထည် ကောက်ထပ်၍ ဆင်းလာခဲ့မိသည်။

ဦးကဘာလို့ Shine နဲ့သိနေတာလဲ...တည့်တည့်မေးရင်ကောင်းမလား။ ရိုးရိုးသားသားရော ဟုတ်ရဲ့လား။ Shine က ချစ်စရာတော့ကောင်းတယ်။ ဦးကရော ဒီအချိန်ထိ Shine အတွက်လုပ်ကိုင်ပေးနေတယ်ဆိုတော့ ညပါအတူတူစောင့်အိပ်ပေးမလို့လား...။

ဟာ... Shineနဲ့ ဦးက တစ်အိမ်တည်းနေတာများလား။

Shitt သေစမ်း... Shine ရေ..ငါတော့ မင်းနဲ့အပြိုင် ဦးကိုလုရတော့မယ်ထင်တယ်...။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now