🖤 ပိုင်းလုံး 🖤 (Ep - 12)
Drangon Private Hospital
ပူနေသော ရင်ဘက်တစ်စုံအား ထပ်လောင်းအားဖြည့်ပေးသူက ချစ်ရသူ စဝ်...။ စုတ်ဖွာနေသော ဆံပင်များရယ်... အပေါ်က ကုတ်တစ်ထည်ဖြင့် အောက်က ချည်သားညဝတ်ဘောင်းဘီတစ်ထည်ကို မလိုက်မဖက်ဝတ်ဆင်ထားပြန်သည်။ အပြင်မှာသာတွေ့လျှင် အမြဲ Smart ကျစွာပင် ဝတ်စားဆင်ယင်တတ်သော စဝ်သော်ဝေပါဟု ယုံချင်စရာမရှိ။
OPT အရှေ့မှ ခုံတန်းပေါ်တွင် ငုပ်တုပ်ထိုင်ကာ မျက်လုံးများယောက်ယက်ခက်နေပုံက ကိုယ်ပင်ရူးသွားစေနိုင်သည်။
" စဝ်..."
ခေါ်သံကြားသည်မှ ရုတ်တရက်ထိုင်ရာကထလာပြီး..။
" ထွဋ် မင်းဘာလို့ကြာနေတာလဲ.. ငါကြောက်လို့ပါဆို "
Bright လိုက်မည်ဆို၍ ခေါ်လာခဲ့ပြီးမှ လမ်းတွင်ကားကျပ်သည်ရော Bright ထံ ဖုန်းတစ်လုံးဝင်လာကာ Music Band တစ်ခုက ဖုန်းဆက်လာသည်ဟုဆိုကာ ထိုနေရာထိ အနီးဆုံးရောက်အောင်ပို့ပေးခဲ့ရသည်ရောကြောင့် လမ်းခရီးက ကြန့်ကြာနေခဲ့သည်။
" ငါရှိတယ်...မကြောက်နဲ့တော့နော်..."
" ထွဋ် ငါ...ငါသူ့ကိုထပ်ပြီး ထပ်ပြီးတော့..."
" အင်းအင်း ဘာမှမတွေးနဲ့တော့ အားလုံးအဆင်ပြေသွားမှာ ဘာမှမတွေးနဲ့တော့ "
ရင်ခွင်ထဲဆွဲပွေ့ကာ ကျောအားသပ်၍ နှစ်သိမ့်ပေးမိတော့။ ရင်ခွင်ထဲတသိမ့်သိမ့်ခါအောင်ပင် ရှိုက်ငင်ငိုကြွေးလေသည်။
ကိုယ်ချစ်ရသူငိုကြွေးနေတာ ကိုယ့်အတွက်မဟုတ်ပေမယ့် ... နာကျင်လာတိုင်း သူလိုအပ်သူက ကိုယ်ဖြစ်နေလေသည်။ ထိုအရာလေးကိုပင် မိုက်မိုက်မဲမဲ မလွတ်တမ်းဆုပ်ကိုင်ထားနေမိသူက နာကျင်လွန်းရပေမယ့် အတ္တကတော့ လှပပါသည်မဟုတ်လား။
ငါအဲ့လောက်တော့ အတ္တကြီးပါရစေ စဝ်။
xxxxxx
ဟက်... !!!
ဖုန်း Screen ပေါ်က သတင်းက အလွန်အမင်းကို ပိုထားသည်လား တကယ်လား စဝ်အိမ်လင်း ခေါ် Bright မသိပါ။ ဖခင်ဖြစ်သူ ဦးစဝ်သော်ဝေက ကလပ်မှကောင်လေးတစ်ယောက်နှင့်ပက်သက်သာ လမ်းလည်ခေါင်တွင်ပင်မရှောင် သည်းသည်းလှုပ်ချစ်ပြနေသည့် သတင်းက လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက မြင်နေတာပင်...။

YOU ARE READING
🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )
General Fictionလူတွေက ပြောကျတယ်... ' ရှိုင်းဆက်မိုး ဆိုတဲ့ကောင်က ရုပ်ကလေး ဗန်းပြပြီး ဘဲကြီးတွေဆီက ချူစားနေတဲ့ကောင်... ပိုင်းလုံး ' တဲ့... Hakk Hakk