Ep - 11 🔞🔞

5.9K 398 20
                                    

🖤 ပိုင်းလုံး 🖤 (Ep - 11)

" သူငယ်ချင်း ဟုတ်လား... ငါယုံမယ်ထင်နေလား Video အစကနေသာ အဆုံးထိရောက်သွားတယ်... မင်းမျက်လုံးက သူ့ဆီကမခွာနိုင်ဖြစ်နေတာလေ... ဟမ်..."

Video ကိုမြင်လိုက်ကတည်းက ရင်တွင်း၌ တောက်လောင်နေတဲ့ မီးစက အရှိန်တငြီးငြီး...။ ကိုယ့်အပူကို ဘယ်သူမြင်မှာတဲ့လဲ။
ထို့ကြောင့် အိပ်ခန်းထဲဝင်သွားသည့် ရှိုင်းဆက်မိုးနောက်သို့ ဝင်လိုက်လာကာ မေးရခြင်းဖြစ်သည်။

အစစအရာရာ ထောက်ပံ့သမှုပြုခဲ့သည်က ဒေါ်မြနန်းဒေဝီကြောင့်ဟု ခေါင်းစဥ်တပ်ခဲ့သည်သာ ရှိရသည်။ တကယ်တမ်းတော့ ရှိုင်းဆက်မိုးဆိုတဲ့ ကောင်လေးကြောင့်သာဆိုတာ ကိုယ်တိုင်ကအသိ...။

လိုချင်လို့ပေးခဲ့တာမဟုတ်ပေမယ့်။ ပေးခဲ့ခြင်းရဲ့နောက်မှာတော့ ရယူချင်သည့် အတ္တသေးသေးလေးက ပါခဲ့ပြီးသားလေ...။
မေတ္တာနဲ့ပေးခဲ့ခြင်းမှာ မေတ္တာကိုပြန်မျှော်လင့်ခွင့်ရှိတယ် မဟုတ်ဘူးလား။

" ............"

" ပြောလေ... ရှိုင်းဆက်မိုး "

" ကျွန်တော်... ကျွန်တော်... သူ့ကို ချစ်နေတာ ဦး...."

" ဘာ....မင်းက..မင်းကသူ့ကို ဟုတ်လား "

တစ်ကိုယ်လုံးမှာ ရှိသမျှသွေးကြောမျှင်များအား ဖြတ်တောက်ခြင်းခံလိုက်ရသလို နာကျင်လွန်းလှသည်။

ကျွန်တော်က သူ့ကိုအချိန်အကြာကြီးနေမှ စွဲလမ်းခဲ့သည်ဟု မဆိုနိုင်သော်လည်း အချိန်တိုတိုလေးနဲ့ ရူးရူးမိုက်မိုက်ဖြစ်ခဲ့ရသည်မှ မဟုတ်တာ...။

" အာ့... ဦး..."

ညည်းသံခပ်သေးသေးကြောင့် သတိထားမိတော့ ကျွန်တော့လက်တစ်ဖက်က ရှိုင်းဆက်မိုး၏ ပုခုံးအား နံရံနှင့်ဖိကပ်ထားရင်း တစ်ဖက်က လည်ပင်းသွယ်သွယ်ထက် ဖျစ်ညှစ်ထားမိလေသည်။

" ဟာ... တောင်း...တောင်းပန်ပါတယ်...ဦး...ဒေါသဖြစ်သွားလို့ "

" အဟွတ်...ဟွတ်... ဦး.. ကျွန်တော်သူ့ကိုချစ်တယ်... အဲ့ဒါကိုဦးလာတားလို့မရဘူး ကျွန်တော့နှလုံးသားကိစ္စ ဦးနဲ့ မဆိုင်ဘူးလို့ ထင်တယ်... "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now