.unicode.
" အပေါ်ထပ်မှာ ချနေကြပြီကွ "
အောက်ထပ်စာကြည့်စားပွဲ၌ စာလုပ်နေကြသူများအားလုံးမျက်လုံးပြူးမျက်ဆံပြူးတွေဖြစ်ကုန်ကြသည်။ အပေါ်ထပ်မှ အမောတကောပြေးဆင်းလာသည့် Euijoo က ပါးစပ်ဟကာ ရင်ဘတ်ဖိပြီးအသက်လုရှူလျက်။
မျက်နှာကျက်၌ ချိတ်ထားသည့် မီးသီးကပင် စိတ်ထင်၍လားမသိ။ လှုပ်နေသယောင်။ နဂိုတည်းကမှ သူတို့အဆောင်က လခအလွန်သက်သာသည်မို့ ပြုပြင်ထိန်းသိမ်းမှုကလည်းအလွန်နည်းသည်။
အပေါ်ထပ်မှ ဝုန်းကနဲထိတိုက်မိသံတွေနှင့်အတူ ပစ္စည်းပစ္စယများ အဆက်မပြတ်ပြုတ်ကျသံတို့ပါ တန်းစီထွက်ပေါ်လာသည်။
Heeseung မျက်လုံးပြူးကာ နံဘေးမှ Nicholas ကိုကြည့်လိုက်မိသည်။ Nicholas မှာလည်းသူ့လိုပင် ထိတ်လန့်နေသည့်ရုပ်။
" မဟုတ်မှလွဲရော....."
Heeseung စာရှင်းပြနေသည်ကိုနားထောင်နေသည့်ကျောင်းသားထဲမှတစ်ဦးက တုန်တုန်ရီရီဆိုလာသည်။
" Sunghoon sunbaenim နဲ့ Park Jay များလား "
Euijoo ကမျက်လုံးတွေလည်လိုက်သည်။
မေးတတ်ပုံများ။
" အဲ့နှစ်ယောက်ကလွဲပြီးဘယ်သူရှိမှာလဲ... အခု- "
" ဒီနေ့မင်းကိုငါအသေသတ်မှာ!!!!!! "
Euijoo စကားမဆုံးခင် အိမ်ပေါ်ထပ်မှ ထိုသို့အော်ဟစ်လိုက်သံကိုကြားလိုက်သည်။ ထို့နောက် အာခေါင်ခြစ်အော်လိုက်သံကပါ နောက်ဆက်တွဲထွက်ပေါ်လာသည်။
Heeseung အများကြီးထပ်တွေးမနေတော့ပဲ အိမ်ပေါ်ထပ်ကိုပြေးတက်သွားလိုက်သည်။ နဂိုတည်းက စည်ပင်ကဘယ်အချိန်လာချိတ်ပိတ်မှန်းမသိကြောက်နေရသည့် သည်ယိုင်နဲ့နဲ့အဆောက်အအုံလေးကိုတော့ အပြိုမခံနိုင်ပါပေ။ သူ့နောက်မှ Nicholas ပါပြေးလိုက်သွားသည်။
ကျန်သည့်လူတွေလည်းကြောင်ကြည့်နေရင်းကမှ ကပျာကယာပြေးလိုက်ကြရင်း။
အိမ်ပေါ်ထပ်ရောက်တော့ တွေ့ရသည့်မြင်ကွင်းကစိတ်မချမ်းသာစရာပင်။ အဟောင်းဆိုင်မှ တစ်ပတ်ရစ်ဝယ်ထားသည့် ကြိတ်သားစာအုပ်စင်လေးကလဲကျနေကာ အတွင်းမှ စာအုပ်တွေကပွစာတက်ပျံ့ကျဲနေသည်။
YOU ARE READING
Hate Me If You Dare | jayhoon | (fundraising)
Randompark sunghoon + park jongseong/jay This story is written for fundraiser @J Di Seokie.
