Ep - 10

4K 380 15
                                    

🖤 ပိုင်းလုံး 🖤 (Ep - 10)

စာမေးပွဲပြီး၍ အခန်းထဲမှာ ထွက်လာပြီး အိပ်ရေးပျက်ထား၍ ညောင်နာနာဖြစ်နေသည်ကို အပထား။ အလုပ်ရှာရန် ကြိုးစားရဦးမည်။

Bright တော့ အဆင်ပြေလောက်မည်ထင်ပါသည်။ မနက်ကအစောကြီးထပြီး Bright ကိုကြည့်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည်မို့ စာရေးကာ အကျိုးအကြောင်းပြော၍ ကျောင်းသို့လာခဲ့ရသည်မို့လား။

" အဟက်... ပင်ပင်ပန်းပန်း စာမေးပွဲလာဖြေနေသေးတာလား... Sponser ဘဲကြီးက အကုန်လုံးကို Sponser မပေးဘူးဆိုတဲ့သဘောလား "

ရင်ဝသို့ ဆောင့်ကန်လိုက်သလို အသံတစ်ခုနှင့်အတူ...ခနဲ့တဲ့တဲ့ပြုံး၍ ဘောင်းဘီအိတ်နှစ်ဖက်ထဲ လက်ထည့်ကာ ကြည့်နေသော လွင်ပြင် .. ။

" လွင်ပြင် ငါ... မင်းထင်သလို.. မ..မဟုတ်ပါဘူးကွာ... ငါနည်းနည်းအခက်အခဲရှိလို့... "

" အဲ့ဒါနဲ့ ကလပ်မှာ ယောက်ျားတကာရဲ့ ပေါင်ပေါ်တတ်ထိုင်ပေးနေတယ်ပေါ့... ဟိုကိုင်ဒီကိုင်ခံရင် ဘယ်လောက်ရလဲ...ဟက်.."

" လွင်ပြင်..."

ဒေါသဖြင့် အသံအနည်းငယ်ကျယ်သွားခဲ့ပြီး ကျောင်းသားတစ်ချို့၏ အကြည့်တစ်ချို့ကို ခံစားလိုက်ရသည်။
ရှက်စိတ်ဖြင့် ခေါင်းငုံ့ရင်း ကျွန်တော် လွင်ပြင့်ရှေ့မှ ပြေးထွက်လာမိသည်။

သို့သော်...ကျောင်းဂိတ်ဝသို့အရောက်တွင် လွင်ပြင်ကျွန်တော့ကိုမှီလာပြန်သည်။

" ရှိုင်းဆက် နားထောင်စမ်း..."

" တော်တော့ လွင်ပြင် ငါ...ငါနားမထောင်ရဲတော့ဘူး ။ ငါတောင်းပန်ပါတယ်...။
ငါ့မှာအခက်အခဲရှိလို့ ညဘက်ကိုအလုပ်လုပ်နေခဲ့တာပါ။ မင်းထင်နေသလို ပိုက်ဆံကိုလွယ်လွယ်ရဖို့...ငါ... ဟင့်.. ။
ငါ... ငါ သွားတော့မယ်... "

" ရှိုင်းဆက်..."

ကျွန်တော့လက်မောင်းမှ ဆွဲကိုင်ကာ လှည့်ယူခြင်းခံလိုက်ရပြီး ပုခုံးနှစ်ဖက်အား တင်းတင်းဆုပ်ကိုင်ကာ အံကြိတ်သံဖြင့်ပြောလာသော လွင်ပြင်ကြောင့် ကျွန်တော်လိပ်ပြာပါလွင့်သွားချင်မိသည်။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now