EPISODE - 26

1.2K 148 11
                                    


EPISODE - 26 (Unicode)

နောက်တစ်နေ့မနက် ဂျောင်ဂုနှင့် ကင်းကင်းရှင်းရှင်းဖြစ်သွားသော ခံစားချက်က ထယ်ယောင်းကို အတော်လေးဒုက္ခပေးနေသည်။ နှစ်ယောက်သား ကားတစ်စီးတည်း အတူစီးလာသော်လည်း တစ်လမ်းလုံး ဂျောင်ဂုက သူ့ကို လိုတာထပ်ပိုပြီး စကားပြောတာမျိုးမရှိခဲ့။

အရင်ကဆို တစ်လမ်းလုံး သူ့ကိုစနောက်ပြီး သူဆဲသမျှ ပြုံးပြုံးကြီးခံယူနေတတ်တဲ့ ဂျောင်ဂုက တစ်ခဏချင်း ပြောင်းလဲသွားခဲ့ပြီ။ ဂျောင်ဂုပုံစံက သူ့အပေါ် စိမ်းကားသွားသည့်ပုံမပေါ်သော်လည်း အရင်လိုဂရုစိုက်မှုမျိုး မတွေ့ရတော့ ထယ်ယောင်းရင်ထဲ နာကျင်ရသလိုလို။

ကားပေါ်တက်တိုင်း ခါးပတ်ပတ်ပေးနေကျ ဂျောင်ဂုက 'ခါးပတ်ကို သေချာပတ်' ဟူသော စကားတစ်ခွန်းဖြင့် လုပ်နေကျအလုပ်ကို ပျက်ကွက်လာခဲ့ပြီ။ ကားပေါ်ကဆင်းတိုင်း ကားတံခါးဖွင့်ပေးနေကျ ဂျောင်ဂုက ဒီမနက်တော့ ကားတံခါးလော့ခ်တောင် ဖွင့်မပေးခဲ့။ ကိုယ့်ဘာသာ ကားတံခါးလော့ခ်ဖွင့်ပြီး ဆင်းခဲ့ရသည်။

ဒီအတွက် ဂျောင်ဂုကိုလည်း သူအပြစ်မတင်ရဲ။ သူငယ်ချင်းအချင်းချင်း ဒီလောက်ထိပဲ ဂရုစိုက်ပေးနိုင်မှာပေါ့။ ကားမောင်းပြီး ခေါ်လာပေးတာတောင် ကျေးဇူးတင်ဖို့ကောင်းနေပြီ။ ဂျောင်ဂုကားကိုတောင် နေ့တိုင်းလိုက်စီးခွင့်ရှိပါတော့မလား။

" ဂျောင်ဂု ငါနောက်နေ့ကစပြီး ငါ့အိမ်ကို ကားတစ်စီးပူဆာပြီး ကိုယ့်ကားနဲ့ကိုယ် ကျောင်းတက်ရင်ကောင်းမလား။ မင်းမောင်းတဲ့ကားကို လိုက်စီးရတာ ငါအားနာလှပြီ "

ဂျောင်ဂု တားပါစေဟု မျှော်လင့်ကာ ထယ်ယောင်း ဒီလိုမေးတော့ ဂျောင်ဂု အဖြေက " သဘောပဲ" ဟူ၍။ ရင်ထဲမကောင်းဖြစ်ရသော်လည်း ဂျောင်ဂု စကားက မမှားခဲ့ပါ။ သူလည်း အရွယ်ရောက်နေတဲ့ ယောက်ျားတစ်ယောက်မို့ သူငယ်ချင်းကို အရာရာတိုင်း လိုက်အားကိုးနေလို့မှ မရဘဲ။

" ဟုတ်ပြီ ဒါဆို ငါ့အဖေကို ဖုန်းဆက်ပြောပြီး ကားလာပို့ခိုင်းလိုက်မယ်။ နောက်ပိုင်း မင်းရည်းစားရလာလို့ ရည်းစားကိုသွားကြိုတဲ့အခါ ကားပေါ်မှာ ငါမပါတော့ အနှောင့်အယှက် မဖြစ်တော့ဘူးပေါ့ "

Love Scenario (KookV/Completed) Where stories live. Discover now