16

5.3K 346 10
                                    


Unicode
*********

*ဂျိန်း*

သူ့နောက်ကျောဆီက ဂျိန်းခနဲ ပိတ်သွားတဲ့ သံတံခါးကို လည်ပြန်ငေးကြည့်ရင်း မျက်ရည်စက်က လက်ထိပ်ခတ်ခံထားရတဲ့ လက်နှစ်ဖက်ပေါ် ပေါက်ခနဲ စီးကျလာသည်။

"မြန်မြန်လျောက်စမ်း သောက်ခြောက်‌"

ရဲသားက လရောင်ငယ်ကို နောက်ကနေ တွန်းထိုးလိုက်ပြီး အမြန်သွားခိုင်းလေသည်။

ထိန်းသိမ်းရေး စခန်းက လူ၂ယောက် ရောက်လာပြီး

"လရောင်ငယ်ဆိုတာ သူလား"
"ဟုတ်ပါတယ်၊ ဒီမှာ သူ့အချက်လက်တွေ "

လရောင်ငယ်ကို စစ်ဆေးလိုက်ပြီး လက်ထိပ်ဖြုတ်လိုက်ကာ

"ကဲ ကောင်လေး၊ မင်းဒီမှာ လိမ်လိမ်မာမာနေရင် မင်းဘဝပို ကောင်းစားမယ်၊ မင်းက ဆေးမှုနဲ့ ရောက်လာတယ်ဆိုတော့ အဲ့ဆေးတွေကို ဖြတ်နိုင်အောင် ကြိုးစားပါ၊ ဒီက ဆရာတွေလည်း ကူညီပေးမှာ ဖြစ်လို့ အရမ်းကြီး ကြောက်မနေပါနဲ့"

"ဟုတ်ကဲ့..."

"ဆရာ့နာမည်က ထက်နောင် ၊ဒီက ဒုကြီးကြပ်ရေးမှူး ၊ သူကတော့ မင်းနေရမယ့် အဆောင် ၁၁ရဲ့ အဆောင်မှူး ရန်ကင်းတဲ့၊ မင်းသူ့နောက် လိုက်သွားလိုက် ၊ သူရှင်းပြလိမ့်မယ်"

"ဟုတ်ကဲ့"

အဆောင်မှူးဆိုသူ ဦးရန်ကင်းနောက် လရောင် လိုက်သွားလိုက်သည်။

"ဟိုမှာ တွေ့လား ၊လက်မှုအဆောင်၊ သူ့ဘေးမှာ စက်မှုအဆောင် ၊မနက်ဖြန်ကစပြီး မင်းကြိုက်တဲ့ စက်မှု လက်မှုကို ရွေးချယ်ပြီး မနက်ပိုင်းကို အဲ့မှာ အလုပ်လုပ်ရင်း သင်ရမယ်၊ပြီးရင် ကိုယ်ပိုင်အချိန်ရမယ်။ ညနေပိုင်းမှာ ဟိုးအနောက်မှာ ရှိတဲ့ စိုက်ခင်းတွေမှာ သူ့အဆောင်နဲ့သူ ပေါင်းနှုတ်၊စိုက်ပျိုးရေးတွေ ရှိတယ်၊ ခဏနေမှ မင်းကို အုပ်စုခွဲပေးမယ်။ စားသောက်ဆောင်က ည ၇နာရီမှာ ဖိုကြီးကနေ လာပို့လိမ့်မယ်။ ည၈နာရီဆို အိပ်ဆောင် တံခါးပိတ်မယ်၊ နားလည်လား"

"ဟုတ်ကဲ့ ဆရာ"

"အေး "

အတန်ကြာ လမ်းလျောက်သွားပြီးနောက် အိပ်ဆောင် ၁၁ဟု ဆိုင်းပုဒ်တပ်ထားတဲ့ ၂ထပ်ဆောင်ရှေ့မှာ ရပ်လိုက်ပြီး

My Lovely Night Bird Boy (Completed)Where stories live. Discover now