* မျက်နှာဖုံး၏နောက်ကွယ် *
အပိုင်း (8)
"No '
"မရဘူးလို့ မသွန်း ပြောနေတယ်လေ '
"ဒီမှာမရဘူးလို့ပြောတာမလား ဒီနိုင်ငံမှာမရဘူးပေါ့'
ပြောပြီး စစ်ကျွေး နားကို တစ်ဖြေးဖြေး ရှောက်သွားလိုက်သည်
ဘာကြောင့်လာတဲ့လူမှန်း မသိတာကြောင့်
ဘေးနားက ဆရာနားကိုသာ တစ်ဖြေးဖြေး
ကပ်နေမိသည် ဟုတ်တယ်လေ သူက
ဘာမှန်းမှမသိတာ အရေးထဲ နှုမ်းခမ်းတွေကလဲတုန်နေသေးသည်
"Hi ကောင်လေး '
သူလာတော့ ကောင်လေးက
တစ်ရွေ့ရွေ့နဲ့ သူ့နားကလူထံ ကပ်လို သွားနေတော့
ကိုယ်က ရှေ့တိုးရမလား နောက်ဆုတ်ရမလားတောင်မသိပေ
"Hi'
ပြန်နှုတ်ဆက်လာသည်မို့ ကောင်လေးက
မဆိုးဘူး
ဘောင်ဘီ အနက် နှင့်
ရှပ်အဖြူကို အောက်ခံကာ
အပေါ်မှ မိုးပြာရောင် လက်ရှည်အကွက်အဆင်းလေး
ထပ်ဝတ်ထားတဲ့ ထိုကောင်လေးက
ဘယ်လိုကြည့်ကြည့် ကြည့်ကောင်းနေသည်
ထမင်းဝိုင်းကတော့ပြီးသွားပြီမို့
ဧည့်ခန်း ထဲသို့ ရှောင်ကျန့်တို့တစ်စု
ရောက်လာကြသည်
လက်ထဲတွင်လဲ လိမ္မော်သီး ဖျော်ရည်က
တစ်ယောက် တစ်ခွက် ကိုင်သူနဲ့ နှစ်ခွက်ကိုင်သူနဲ့
"သွင် '
ရိပေါ်က သွင်ကို ခေါ်ပြီး အရှေ့ကို
မေးငေါ့ပြလိုက်သည် သွင်မောင်တစ်ယောက်
စစ်ကျွေးလေးကို ကြည့်နေတာများ
ပြောလိုက်ရရင် မကောင်းဘူး
"အဟမ်း ကျင်းလင်'
ခေါ်မှပဲ ထိုကောင်လေးရှေ့မတ်တပ်ရပ်နေရာကနေ
ဘေးနားသွားပြီး ကပ်ထိုင်လိုက်တော့သည်
"ကဲ လူဆုံနေကြတော့ ဘာလုပ်ကြမလဲ'
ရှောင်ကျန့်က စကားဆိုရင်း
လက်ထဲက ဖန်ခွက်တစ်ခွက်
ရှင်းချန်ထံ ထိုးပေးလိုက်သည်
ထို့နည်းတူ ရိပေါ်ကလဲ
စစ်ကျွေးရှေ့ ထိုးပေးလိုက်သည်
"မသောက်ဘူး သူ့ကိုပဲ လိုချင်တာ '
YOU ARE READING
မျက်နှာဖုံး၏နောက်ကွယ်
Fanfictionလူတစ်ကိုယ်စိတ်နှစ်မျိုးရိပေါ် က အနုပညာရှင် ရှောင်ကျန့်ကို ချစ်မိသွားသောအခါ
