Ep - 9

4.2K 408 24
                                    

🖤 ပိုင်းလုံး 🖤 (Ep - 9)

Crown Private ဆေးရုံ...

ရုံးခန်းတွင် ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး ဦးမြတ်သူ... ဆေးရုံမန်နေဂျာ ဦးကျော်စွာနှင့် ရှိုင်းဆက်မိုး...။

ဦးမြတ်သူနှင့်ဦးကျော်စွာ၏ မျက်နှာထက်ဝမ်းနည်းခြင်း စိတ်မကောင်းခြင်းတို့ ရောယှက်နေသကဲ့သို့ ရှိုင်းဆက်မိုး၏ မျက်နှာထက်လည်း မျက်ရည်တို့က အသွယ်သွယ်စီးကျနေသည်။

" တောင်းဆိုပါတယ် ဒေါက်တာ ဖွားငယ်ကိုကယ်တင်ပေးပါ... ကျွန်တော် ကုန်ကျစရိတ်အကုန်ရှင်းပေးမှာပါ..."

" ကုန်ကျစရိတ်ကြောင့်ချည်းပဲ မဟုတ်ဘူး မျှော်လင့်ချက်သိပ်မရှိတော့ဘူး ဆရာတို့အကောင်းဆုံးလည်း ကြိုးစားခဲ့ပြီးပြီ "

ဘယ်လိုတုံ့ပြန်မှုကြီးလဲ ။ အကောင်းဆုံးကြိုးစားခဲ့ပြီးပြီဆိုတာ ဖွားငယ်ကိုဒီအခြေအနေထက်ပိုပြီး တိုးတတ်လာအောင် မလုပ်ပေးနိုင်တော့ဘူးလို့ဆိုလိုတာလား ။ ဟင့်အင်း အဖြစ်မခံနိုင်ပါဘူး။ ဖွားငယ်က နှလုံးခုန်နေသေးတယ်လေ... ဖွားငယ်အသက်ရှင်နေတုန်းပဲလေ... ။ အကယ်၍ ဖွားငယ်ကိုဆက်ပြီး မကုသရင်တော့ ခုန်နေသေးတဲ့ နှလုံးကအချိန်မရွေးရပ်တန့်သွားစေမှာပေါ့...။

" ........"

" ထလိုက်ပါ... သား မင်းဒီလိုတွေလုပ်လည်း ရမှာမဟုတ်ဘူး "

ဒူးထောက်ထားသည့် ရှိုင်းဆက်မိုး၏ ပုခုံးနှစ်ဖက်မှ ဆွဲမထူရန်ကြိုးစားနေသော ဆရာဝန်ကြီးဦးမြတ်သူကြောင့် ရှိုင်းဆက်မိုး မက်တပ်တော့ရပ်လိုက်မိသည်။
သို့သော်လည်း မျက်ရည်တို့က စီးဆင်းမှုမရပ်တန့်...။

"..........."

" ဆေးရုံဆင်းလိုက်ပါတော့ကွာ... "

" ဒေါက်တာ... ကျွန်တော့ဖွားငယ်ကို ကယ်ပေးပါ...ဆေးရုံမဆင်းခိုင်းပါနဲ့ "

တစ်ချိန်လုံးငြိမ်သက်ကာ နားထောင်နေသော ဆေးရုံမန်နေဂျာ ဦးကျော်စွာပါ ဝင်ပြောမိတော့သည်။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now