Part4 End

290 51 3
                                    

<Unicode>
12
တတိယမြောက်နေ့မှာတော့ ကြောင်လေးက စိတ်တိုတိုနဲ့ ပြတင်းပေါက်တစ်ဆင့်ခံကနေ ခုန်ဆင်းလိုက်ကာ သူ ဒီပြတင်းပေါက်တစ်ဆင့်ခံကို ထပ်မလာတော့ဖို့ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့လဲ လျှောကိနေရင်း သူ့ခြေလှမ်းတွေ ဖြည်းဖြည်းချင်း ​နှေးကွေးလာတော့တယ်။

ကြောင်ပေါက်တွေလဲ ဘယ်လို အမဲလိုက်ရမှန်း သင်ယူရတယ်။ ဒါကြောင့် သင်ယူခြင်းက တကယ့်ကို အရေးကြီး ကိစ္စပဲ။

'ဒါဆို သူမဘာလို မလာတော့တာလဲ။'

သူ နေရာမှာထိုင်ချလိုက်ပြီး ခဏလောက်ချင့်ချိန်လိုက်သည်။ နောက်ဆုံးမှာတော့ အဆောက်အအုံပေါ်ကနေ ခုန်ချလိုက်တော့တယ်။

အဆောက်အအုံ နှစ်ခုကြားမှာ သစ်ပင်တွေရှိနေပေမဲ့ သူဘေးနားက သစ်ပင်ကြီးရဲ့ ပင်စည်ကို အရယူလိုက်ကာ ပြတင်းပေါက်ပေါ်ကိုခုန်တက်လိုက်ပြီး ကောင်မလေးရဲ့ စာသင်ခုံပေါ် ဆင်းချလိုက်တယ်။

တစ်တန်းလုံးမှာရှိတဲ့ လူသားပေါက်လေးတွေက သူ့အပြုမူကြောင့် လန့်ပြီး ထအော်ကြတော့တယ်။

ဒါပေမဲ့ ကြောင်နက်လေးက သူ့ခေါင်းကို ငုံ့ချလိုက်ပြီး မြန်မြန်ပဲ အနံ့ခံလိုက်ကာ ပါးလွှာနေတဲ့ အနံ့လေးကို စွဲစွဲမြဲမြဲ မှတ်မိနေအောင်ကြိုးစားလိုက်တော့တယ်။

ရုတ်တရက်ပေါ်လာသလိုပဲ ကြောင်နက်လေးက ပြတင်းပေါက်တစ်ဆင့်ခံကနေ ခုန်ဆင်းလိုက်ပြီး သစ်ပင်ပင်စည်ကနေ အရင်က ကောင်မလေး ပြန်လေ့ရှိတဲ့ ဘက်ကို ပြေးဆင်းသွားတော့တယ်။

13

ကောင်မလေးက ဖျားနေပြီး အိပ်ယာထဲမှာပဲနေနေရလေရဲ့။

သူ့အမေက သူမရဲ့ နှဖူးကို သာသာယာယာပွတ်ပေးလိုက်သည်။ ကောင်မလေးက အားမရှိစွာနဲ့ သူမအမေလက်ရဲ့ လက်ဖဝါးကို ဖြေးဖြေးချင်းတွန်သလိုက်တယ်။

ကောင်မလေးက အက်ကွဲနေတဲ့အသံနဲ့ တီးတိုးပြောလိုက်တယ်။ "ကြောင်လေးက သမီးကို မမြင်ရရင် စိတ်ပူနေလိမ့်မယ် သမီးတို့ ကတိထားခဲ့ကြတာ"

အပြစ်ကင်းတဲ့လေသံလေးက အမေ့ကို နူးညံ့စွာပြုံးစေခဲ့လေတယ်။ "ဒါဆို သမီး မြန်မြန်ပြန်နေကောင်းဖို့လိုတယ်လေကွယ်

ကြောင်နက်လေးရဲ့ အမြှီး (Translation Complete)Kde žijí příběhy. Začni objevovat