Part2

205 43 0
                                    

<Unicode>
05

ဒီနေ့က မိုးရွာတဲ့နေ့လေး ပြီးတော့ ကောင်မလေးရဲ့ နှလုံးသားကလဲ မိုးရွာသွင်းနေလေရဲ့။

အဲ့ကြောင်လေးက သေချာပေါက် ဒီနေ့လာမှာမဟုတ်ဘူး။

သူမကျောပိုးအိတ်ကိုချလိုက်ပြီးနောက် သူမ စိတ်ဓာတ်ကျစွာ စာသင်ခုံပေါ်ကို လှဲချလိုက်တယ်။

ဘာလို့မိုးရွာရတာလဲ။ အမြဲတမ်းနေသာနေလို့မရဘူးလား။

ပထမစာသင်ချိန်အတွင်း သူမ နုံးချိစွာနဲ့ ပြတင်းပေါက်တစ်ဆင့်ခံကို လှမ်းကြည့်မိတယ်။ သူမ မြင်ကွင်းက မိုးရေကြောင့် ဝေဝါးနေတယ်...

ဒါပေမဲ့ သူမမျက်စိကိုမှေးပြီး သေချာကြည့်လိုက်ချိန်မှာတော့ ငြင်ငြင်သာသာ လွှဲယမ်းနေတဲ့ တစ်စုံတစ်ခုကို အနည်းငယ်ပွင့်ထားတဲ့ ပြတင်းပေါက်ကိုဖြတ်ပြီး တွေ့လိုက်ရတယ်။

အဲ့ဒါက နူးညံ့ပြိး ကွေးကောက်နေတဲ့ ကြောင်မြှီးလေးဖြစ်တယ်လေ။ အဲ့ဒါက မည်းနက်နေပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ ဘယ်သူဆိုတာ လှမ်းမြင်နိုင်တယ်။

ကောင်မလေး အပျော်တွေနဲ့ ပြည့်သွားတာပေါ့။ အဲ့ကောင်လေး လာတယ်။

မိုးရေကြောင့် မှန်ကစိုနေသော်လည်းပဲ မပီမပြင်ဖြစ်နေတဲ့ အရိပ်လေးကိုသာ သူမလှမ်းမြင်နိုင်ပေမဲ့ သူမ အရမ်းကိုပျော်နေတုံးပဲ။

မိုးက သူပေါ်မလာနိုင်တဲ့အထိ သိပ်မသည်းပေ။ ဒါဆို သူမနှလုံးသားလေးက နေသာသွားလေပြီလေ။

06

အဲ့ဒီနေ့ကစလို့ ကြောင်နက်လေးနဲ့ သူမ နေ့တိုင်းတွေ့ကြမယ်လို့ ကတိပေးထားသလို ကောင်မလေး ခံစားလိုက်ရတယ်။

ပထမချိန် ဘဲလ်တီးပြီးချိန်မှာ ကြောင်နက်လေးက ပြတင်းပေါင်တစ်ဆင့်ခံကနေ ခုန်ဆင်းသွားပြီး ကောင်မလေးလဲ ဒီတစ်ချိန်တော့ ကောင်းကောင်းကြီး ကြည့်လိုက်ပြီး အမြတ်ရလိုက်တယ်။

သူမစိတ်မပါပဲ လုပ်လိုက်ရသော်လည်း ကြောင်လေးပေါ်ကနေ သူမကိုယ်သူမ မျက်လုံးခွာဖို့ အတင်းဖိအားပေးလိုက်ရကာ သင်ခန်းစာတွေကို နားထောင်နေလိုက်တယ်။

ကြောင်နက်လေးရဲ့ အမြှီး (Translation Complete)Where stories live. Discover now