<Unicode>
01ကောင်မလေးက အနက်ရောင်ကြောင်ကလေးနဲ့ ချစ်မိသွားတယ်။
အဲ့ဒီ့ကြောင်နက်လေးက ကျောင်းဆောင် ပြတင်းပေါက်တစ်ဆင့်ခံမှာ ပေါ်လာလေ့ရှိတယ်။ ကောင်မလေးထိုင်တဲ့ ထိုင်ခုံနေရာကဆို သူမ ပြတင်းပေါက် တဆင့်ခံကို လှမ်းမြင်နိုင်တယ်လေ။
အတန်းပြီးရင် အရမ်းဆူညံနေတာကြောင့် ကြောင်နက်လေးက အတန်းချိန်အတွင်းမှာပဲ ပေါ်လာတတ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။
တစ်ခါက ကောင်မလေး စိတ်လွင့်သွားပြီး မရည်ရွယ်ပါပဲ ပြတင်းပေါက်အပြင်ကိုကြည့်လိုက်မိကာ အဲ့ဒီကြောင်လေးကို တွေ့လိုက်ရတယ်။
ကြောင်နက်လေးက သူမကိုကျောပေးထားပြီး ပြတင်းပေါက်တစ်ဆင့်ခံမှာ ထိုင်နေခဲ့ကာ သူ့ရဲ့ အမွေးလေးတွေက နေရောင်အောက်မှာ တောက်ပလို့နေလေတယ်။
သူ့ရဲ့ နားရွက်သေးသေးလေးတွေက လှုပ်ယမ်းနေပြီး သူ့အမြှီးလေးက တွဲလျားကျကာ ငြင်သာစွာ ယမ်းနေခဲ့တယ်။
ကောင်မလေးရဲ့ နှလုံးသားက ကြောင်မြှီးလေး လွှဲတဲ့အပေါ်မှာ လှည်းကျင်းခံလိုက်ရလေရဲ့။
သူမ တကယ်ပဲ သူ့ကို ပွတ်သပ်ပေးချင်မိသည်။
02
ကြောင်နက်လေးက မနက်ခင်းနေရောင်တွေ ထုတ်ချင်းဖောက်ပြီးတောက်ပနေတဲ့ ပြတင်းပေါက် တစ်ဆင့်ခံလေးမှာ ထိုင်နေရတာကို နှစ်သက်ပြီး နေပူဆာလှုံလေ့ရှိသတဲ့။
ကောင်မလေးက စာသင်ချိန်တွင်း စိတ်လွတ်နေတာ မကောင်းမှန်းသိပေမဲ့လဲ သူမ မနေနိုင်ပဲ ပြတင်းပေါက်တစ်ဆင့်ခံကို ခိုးခိုကြည့်မိတယ်လေ။
ကြောင်နက်လေးကို သူမ မြင်လိုက်ရရင် ကျန်တဲ့တစ်နေကုန်လုံး သူမပျော်နေတတ်တယ်။
ဒါပေမဲ့လဲ ကြောင်နက်လေးက အဲ့ဒီနေရာမှာ တစ်ချိန်လုံးရှိမနေဘူး။ အကယ်၍ ပြတင်းပေါက်တစ်ဆင့်ခံမှာ နေရောင်ရှိမနေတော့ရင် အဲ့ဒီ့ကြောင်လေးက ပေါ်မလာဘူးလေ။
သူမဒိနေ့တစ်နေကုန် တွေ့လို့မရဘူးဆိုတာ တွေးမိတော့ ကောင်မလေးရဲ့ နှလုံးသားက တိမ်ထူသွားလေရဲ့။
ВЫ ЧИТАЕТЕ
ကြောင်နက်လေးရဲ့ အမြှီး (Translation Complete)
Короткий рассказAuthor - 长生君 Title - The Black Cat's Tail (黑猫的尾巴) စိတျကူးယဥျပုံပြင်အတိုလေးတစ်ပုဒ်။ ကောင်မလေးတစ်ယောက်နဲ့ အနက်ရောငလကြောင်ကလေး။ စိတ်ကူးယဥ်ပုံပြင်အတိုလေးတစ်ပုဒ်။ကောင်မလေးတစ်ယောက်နဲ့ အနက်ရောင်ကြောင်ကလေး။ Not my Own story Eng tran- https://www.novelupdat...