Ep - 8

3.6K 416 34
                                    

🖤 ပိုင်းလုံး 🖤 (Ep - 8)

" ဟေ့ယောင် ရှိုင်းဆက်မိုး အဲ့လောက်ဝါသနာပါရင် ငါ့အောက်မှာလည်း လာခံလို့ရတယ် ။ တစ်ခါဘုမယ်ဆို မင်းကိုဘယ်လောက်ပေးရမလဲသာပြော...တောက်....!!!! "

အော်သံအဆုံး ယိုင်ကျသွားသောကောင်လေးကို ထိန်းကိုင်ပေးရင်း ကားထဲသို့ခေါ်လာခဲ့မိသည်။
ဘဝပေးကံလား...ဒါမှမဟုတ် ကိုယ်တိုင်က ကံကြမ္မာတစ်ခုကိုဖန်ဆင်းခဲ့တာလား။
ရိုက်ခက်မှုဒဏ်တွေကို ခံနိုင်ရည်ရှိပါစေ ကောင်လေးရေ...။

ကားထဲတွင် ဖျော့တော့စွာထိုင်နေသည့်ကောင်လေးက ကျောင်းသားကျောင်းသူများ၏ အကြည့်ဒဏ်ကို မခံစားနိုင်လို့ထင် မျက်ဝန်းများကိုပိတ်ကာ ငြိမ်သက်ထားလေသည်။

ကားဘီးလှိမ့်ထွက်လာမှပင် မျက်လုံးဖွင့်လာပြီး စကားပြောရှာသည်။

" ဒေါက်တာ ကျေးဇူးတင်ပါတယ်...ဟိုညက ဒေါက်တာပဲ ကျွန်တော့ကိုကယ်ပေးခဲ့တယ်ပြောတယ်..."

" အော...အင်း အဲ့ဒါကြောင့် အစ်ကိုစဥ်းစားနေတာ အစ်ကို့ကိုမင်းမမြင်ဘူးပါပဲ ဘယ်လိုသိလဲလို့ "

" အဟင်း...စောနကပဲ ဦးစဝ်သော်ဝေ ပုံလှမ်းပို့ပြီး အကျိုးအကြောင်းပြောပြခဲ့တာ... တောင်းပန်ပါတယ် ဒေါက်တာ ကျွန်တော့သူငယ်ချင်းအတွက်ပါ "

" ရပါတယ်ကွာ... အဆင်ပြေပါတယ် "

" ဒေါက်တာ ကျေးဇူးတင်ပါတယ်...ဟိုရှေ့နားမှာပဲ ကျွန်တော်ဆင်းနေခဲ့ပါမယ်..."

" အာ..မဖြစ်ဘူး စဝ်က မင်းကိုခေါ်ခဲ့ဖို့ပြောနေတာ မင်းကိုသူစိတ်ပူနေတယ် "

" ဗျာ... "

" အဟင်း မင်းကိုစဝ်က အရမ်းစိတ်ပူနေတာ မနေ့ညက မင်းဆေးစစ်ချက်အဖြေတွေကိုကြည့်ပြီး အစားကောင်းကောင်းမစားလို့တဲ့ "

" .........."

" ရှိုင်းဆက်မိုး "

" ဗျာ.."

" စဝ်ကို ဘယ်လိုမြင်လဲ "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now