ဘယ်လိုပဲဖြစ်ဖြစ် ထိုနေ့က အိပ်မက်ကို ပြန်မြင်ယောင်ကြည့်လိုက်ရင် ဘယ်လောက်ခက်ခဲပါစေ သူ့ကိုယ်သူ မရပ်တန့်နိုင်။

ရုတ်တရက် ထုရိုက်မှုတွေကြောင့် သူ့အတွေးရထားကြီး ရပ်တန့်သွားလေကာ လုမန်ကို ထပ်၍ မချီလိုက်သည်။ 

သို့ပေမယ့် သူမကို ပွေ့ဖက်နမ်းရှုပ်လိုက်မှ ဘာမှလစ်လပ်မှုမရှိတော့သလို သူ့စိတ်က ပြည့်တင်းသွား၏။

ပွေ့ဖက်ရတာလေးကကို ဘာလို့ ဒီလောက်ကောင်းတာလဲ?

ဒီမိန်းကလေး ဘာဖြစ်နေသလဲတော့ ဟန်ကျိုးလီ သဘောမပေါက်မိ။

ခု ကြည့်လိုက်တော့ လုမန်မျက်လုံးတွေဒေါသကြောင့် နီရဲနေပေမယ့် ဟန်ကျိုးလီကတော့ ဒါကို ချစ်ဖို့ကောင်းတယ်လို့ ထင်သတဲ့..

အသံတွေကြားလို့ ဝူကျိကော်က လိုက်ကာတွေ ဆွဲဖွင့်လိုက်ကာ..
“ လုမန် ဘာဖြစ်တာလဲ?!”

ထိုအချိန်မှာ ဟန်ကျိုးလီက ပါးစပ်ကလေးဟ၍ နာကျင်နေဆဲဖြစ်သော သူ့လျှာကို လုမန်အား ပြနေလေ၏။

သူမ ဘယ်လောက်ကိုက်ပစ်သလဲ..

လုမန် အံကြိတ်ထားမိသည်။ 
ဒီလူက လူရှုပ်လူညစ်လား ?

ဝူကျိကော် တစ်ခုခု တွေ့သွားမှာကို စိုးရတာမို့ ဖူးနေသော သူမ နှုတ်ခမ်းတွေကို သပ်ပစ်လိုက်ကာ
“ ဘာမှမဖြစ်ပါဘူး ဦးလေး သူ ပြန်တော့မှာမို့လို့ ကျေးဇူးတင်စကားပြောနေတာပါ ”

“ သြော် ”
သူတို့နှစ်ယောက်ပုံစံက ထူးဆန်းတယ်ထင်ရ၏။ သို့ပေမယ့် မစပ်စုသင့် ဟု ထင်၍ ဝူကျိကော်က လိုက်ကာတွေပြန်ချထားလိုက်သည်။

ယခုမူ ဟန်ကျိုးလီ ဆက်နေချင်လျှင်တောင် နေလို့မရတော့ချေ။ ထို့ကြောင့် ရှိုးထုတ်ရုံသာရှိ၏။
“ ဒါဖြင့်ရင် ကိုယ်သွားတော့မယ် ”

သွားနေရင်း လှည့်ကြည့်ပြန်ကာ..
“ တစ်ခုခုဆို ဖုန်းလှမ်းဆက်လိုက်နော် ”

သူက အတည်ပြောပေမယ့် လုမန်ကတော့ နှလုံးမသွင်းရဲပါချေ။

သူ့ကို ဘယ်လိုဆက်သွယ်ရဲပါ့မလဲ?

နှစ်ယောက်သားက ရင်းနှီးတာလည်း မဟုတ်။ တကယ်ကြီး တစ်ခုခု အကူအညီလိုရင်တောင် လုမန် သူ့ကို မရှာတတ်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now