Ep - 7

3.7K 381 20
                                    

🖤 ပိုင်းလုံး 🖤 (Ep - 7)

" ရှိုင်းဆက်မိုး...မင်းဘာဖြစ်နေတာလဲ "

လှည့်ကြည့်လာသော မျက်နှာကချွေးသီးများဖြင့် နာကျင်ရှုံ့တွနေသည်။

" ဦး...ဦးစဝ်...အ..."

" ဘာဖြစ်နေတာလဲ ငါ့ကိုပြောစမ်းပါ "

" မသိဘူး...ဗိုက်ကအောင့်တယ်..."

" ဟာ...ဒါဆို ဆေးရုံသွားရမှာပေါ့.."

" ဆေးရုံ...??? "

ဆေးရုံလို့ဆိုလိုက်ယုံ၌ မျက်လုံးတို့က ဂနာမငြိမ်တော့ ဟိုဒီပြေးလွှားပြီး စဥ်းစားနေပုံဖြင့်...။

" မသွားဘူး အစ်..အင့်  "

ဒူးများခွင်ကျသွားကာ ဗိုက်ကိုဖိကာထိုင်ရင်း ဝေဒနာကို ခံစားနေပြန်သည်။

" မသွားလို့မရဘူး ဟေ့ယောင် လာ...ထ...ငါကားနဲ့လိုက်ပို့ပေးမယ် "

" မသွားချင်ဘူး မသွားဘူး ခင်ဗျား ပြန်တော့ "

ကျစ် နှင်ထုတ်ပြန်ပြီ။ စိတ်ကလည်းမရှည်ချင်တော့ ။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံသာဟု တွေးကာ ထားပစ်ခဲ့ပြီးကားကိုမောင်းထွက်ခဲ့သည်။

" ဟား... ဒီကောင်စုတ်လေးတော့ သေတော့မှာပါပဲ "

နောက်ကြည့်မှန်ထဲ ပလက်ဖောင်းထက် ခွေလဲနေသော ရှိုင်းဆက်မိုးကြောင့် ထူးထူးထွေထွေစဥ်းစားမနေတော့...။

ပြေးသွားကာ ချီပွေ့ပြီး ကားဆီခေါ်လာခဲ့လိုက်သည်။

" ဦးစဝ် ကျွန်တော့ကို ဆေးရုံမပို့ပါနဲ့ "

Lover Seat မှာချထားပေးပြီး ခါးပတ်ပတ်ပေးချိန်အထိ ဆေးရုံသွားဖို့ငြင်းဆန်နေတုန်းပင်...။ ဘာလဲ ဆေးရုံကြောက်တဲ့ စိတ်ရောဂါရှိနေတာလား ? ။

" သေသွားလိမ့်မယ်ဟ "

" မသေပါဘူး...အာ့...ကျွန်တောခဏဆိုကောင်းသွားမှာပါ ဆေးရုံမပို့နဲ့နော်...မပို့နဲ့နော် "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now