"မင်းလူတစ်ယောက်လုံးမမြင်ရအောင် ကန်းနေတယ်ထင်တယ်"

"မင်းလို မလောက်လေးမလောက်စားက"

"မင်းပြောတဲ့ မလောက်လေးမလောက်စားက လူသိရှင်ကြားလက်ထပ်ထားတဲ့ ပတ်ချန်းယောလ်ကြင်ဖက်"

နည်းနည်းတော့ ကြင်ဖက်ဆိုတဲ့ စကားလုံးက အော်ဂလိဆန်စရာကောင်းတယ်။

"မင်းကိုအသိအမှတ်ပြုတောင်ခံရတာမဟုတ်ပဲနဲ့ မင်းက ငါ့လက်အောက်က အစေခံသာသာပဲ"

"အပိုမပြောနဲ့ ငါ့ရှေ့ကဖယ်"

ဘတ်ဟျွန်းက တွန်းတိုက်ကာ ထွက်သွားတော့ ထိုလူက လက်ကိုဆွဲကာ ဘတ်ဟျွန်းက ထပ်မံလက်ကိုခပ်ကြမ်းကြမ်းဖြုတ်ချပြီးတော့ ဆိုလိုက်တယ်။

"မင်းထမင်းဝအာင်စားထားဖို့လိုတယ်။မင်းလိုလူကငါ့ဆီ အချိန်တွေသပ်သပ်လာဖြုန်းတီးနေတာ ပတ်ချန်းယောလ်သိရင် မင်းခွေးလိုမောင်းထုတ်ခံရလိမ့်မယ်"

ဘတ်ဟျွန်းက သူ့ရဲ့အခန်းဆီကို ပြန်သွားခဲ့တယ်။အရံကောင်လေးတွေအတွက် သူသိပ်စိတ်အလုပ်ရှုပ်မခံချင်ဘူး။နောက်တော့ သူလက်ထဲက ပိုက်ဆံလေးကို ဘေးနားက ဖန်ပုလင်းထဲထည့်လိုက်တယ်။သူ့နေရာကို ပြန်ရယူရမယ်။ရာထူး အာဏာ ပိုက်ဆံ။ဒီဘ၀မှာ သူလိုအပ်တဲ့ အရာတွေပဲ။ချစ်ခြင်းမေတ္တာတွေ ဂျောင်ထိုးခံထားရတဲ့အခါ ငါကအမုန်းတွေကိုပဲ လက်ကိုင်သုံးတော့မယ်။

တစ်ချိန်ကြရင်တော့ ဖုန်တက်နေတဲ့ ချစ်ခြင်းမေတ္တာတွေ ပြန်ရှာဖို့ မတွေးနဲ့။ဒီကစားပွဲမှာ သံယောဇဉ်တွေမပါဘူး။အချစ်တွေလည်းမပါဘူး။လက်စားချေခြင်းကစားပွဲမှာ ရက်စက်ခြင်းတွေက အားပေးနေလိမ့်မယ်။

ဘတ်ဟျွန်းက အရူးတစ်ယောက်လိုရယ်မောလိုက်တယ်။ပတ်ချန်းယောလ်။မိုရာ။ ပြန်တွေ့ကြတာပေါ့။ဘတ်ဟျွန်းက ဘေးနားက စာရွက်လေးကို ယူလိုက်တယ်။နံပါတ်စဉ်၁မှာရေးထားတဲ့ နာမည်လေးကိုကြည့်ကာ ပြုံးလိုက်တယ်။

ပြီးတော့ အသင့် အိပ်ထောင်ထဲမှာ ရှိနေတဲ့ ဓာတ်ပုံတွေကို ထုတ်ယူကာ ကုတင်ပေါ်ပစ်တင်လိုက်တယ်။မင်းတို့ရဲ့ဘ၀ ခွေးလိုကျသွားဖို့ ဆုတောင်းတော့။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Kde žijí příběhy. Začni objevovat