Ep - 6

3.7K 394 28
                                    

🖤 ပိုင်းလုံး 🖤 (Ep - 6)

" မ...မလုပ်ပါနဲ့ တောင်းပန်ပါတယ်...နောက်ကိုမဖြစ်စေရပါဘူး "

" ကျစ်...V ဒီအလုပ်တွေက ခွင့်ယူချင်တိုင်းယူ ​ပျက်ချင်တိုင်းပျက်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလေ... ဟေးးး တစ်ယောက် Blue K ကိုခေါ်လာခဲ့စမ်း..."

ကလပ်မန်နေဂျာထံ ဒူးထောက်မတတ်တောင်းပန်စကားဆိုနေသော်လည်း အခြေအနေက ကောင်းမလာ ။

" မမ ကျွန်တော့ကိုခေါ်တာလား "

ချိုပြီသော အသံတစ်ခုနှင့် ကောင်လေးတစ်ယောက်ဝင်လာလေသည်...။

ကလပ်မန်နေဂျာက Transgender တစ်ယောက်ဖြစ်၍ အမျိုးသမီးတစ်ယောက်လို ဝတ်ဆင်ရတာနှစ်သက်သူ မိတ်ကပ်ပြင်ဆင်ရတာ နှစ်သက်သူဖြစ်သည်။

" K ဒီတစ်ယောက်က မင်းအရှေ့မှာ ကခဲ့တဲ့ တစ်ယောက်... V တဲ့ အဟင်း... သူက Dancer နေရာကို ပြန်လိုချင်လို့တဲ့ "

" ကျွန်တော်ကတော့ မမသဘောပါ ။ မမ ကျွန်တော့ကိုအလိုမရှိဘူးဆိုရင်လည်း ကျွန်တော်အသာတကြည်ထွက်သွားပေးမှာပါ... မမဆန္ဒကသာ အဓိက "

Blue K ဆိုသော နာမည်ဝှက်နှင့်ကောင်လေးက Body Structure ကအစ မိုက်ပါသည်။ ကလပ်မန်နေဂျာ၏ မေးစိလေးအား ကိုင်ကာ မေးလိုက်သည်တွင် ပြုံးချိုကာ ရွှင်မြူးသွားသော ကလပ်မန်နေဂျာက...ကျွန်တော့အတွက်အဆုံးအဖြတ်ကိုပေးလေသည်။

" မမက မောင့်ကိုပဲ ရွေးချယ်မှာပါ...။ အလုပ်ကိုအလုပ်နဲ့တူအောင် လုပ်မယ့်သူကိုပဲ မမရွေးချယ်သင့်တယ်လေ... V မင်းကိုငါတို့ဖုန်းဆက်ပြီး ခေါ်ခဲ့ပါသေးတယ်...မင်းက ဖုန်းတောင်မကိုင်ခဲ့ဘူးမဟုတ်လား... "

နှစ်ရက်သာ... အင်းသုံးညစာသာ ပျက်ကွက်မိသည်နှင့် ကျွန်တော်အလုပ်ပြုတ်ရလေပြီ။

" ဟုတ်ကဲ့ပါ ကျွန်တော့ပျက်ကွက်မှုကို တောင်းပန်ပါတယ်...ခွင့်ပြုပါဦး "

လက်လျှော့ကာ ပြန်ဖို့တစ်ခုသာရှိတော့သည်။ ဖွားငယ်အတွက်ဆေးစာရိတ်ကို ဘယ်လိုရှာဖွေရမည်နည်း။ ကျောင်းထွက်လိုက်ဖို့...။
ကျောင်းပဲ ထွက်ပစ်လိုက်ဖို့...။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now