* Hello သား *

" ဘာလို့လဲ ပါပါး "

" ...... "

ကျန်းသခင်ကြီးက ခဏတာမျှ
တိတ်ဆိတ်သွား၏။

ရိ၀မ်အသက်ပြင်းပြင်းရှူရင်း ပါပါးဆီက
အကြောင်းပြချက်ကို စောင့်နေလိုက်သည်။

* တောင်းပန်ပါတယ် ... *

" ပါပါး ... "

ကျန်းသခင်ကြီးအသံက တိုးတိုးလေးဆိုပေမယ့် ရိ၀မ်ရင်ထဲ ဒိန်းကနဲ ....

* တောင်းပန်ပါတယ်ကလွဲပြီး ပါပါးမှာ
ပြောစရာမရှိတော့ပါဘူး ....
မကာကွယ်ပေးလိုက်နိုင်တဲ့အတွက် တောင်းပန်ပါတယ် သား ..... *

" မဟုတ်ဘူး ပါပါး ... ပါပါးဒီလိုလုပ်မှာမဟုတ်မှန်း သားသိတယ် ...
သားကိုပြောပါ ဘယ်သူလဲ ... ဘယ်သူက
ပါပါးကို ချောက်ချတာလဲ ... "

* တောင်းပန်ပါတယ် သား ... ပါပါးမျက်နှာထောက်ပြီး ဒီကိစ္စကိုကျော်သွားပေးပါ ... တောင်းဆိုတာပါ သား .... *

" ပါပါး ... hello ... hello ... ဟာကွာ "

ဒုန်း ...

ရိ၀မ်ဒေါသကြောင့် လက်ထဲက
ဖုန်းလေးက အစိတ်စိတ်အမွှာမွှာ ....

ကလေးငယ်က ရိ၀မ်အနားပြေးလာ၏။

" ဘာဖြစ်တာလဲဟင် "

ရိ၀မ် ကလေးငယ်ရဲ့မျက်၀န်းတွေကို
စိုက်ကြည့်လိုက်သည်။

သူ့အပြုအမူကြောင့် ကလေးငယ်က
အနားမကပ်ရဲ .....

ရိ၀မ် ဒေါသတွေကို လျော့ချလိုက်ပြီး

" အမြန်ဆုံး   မင်္ဂလာဆောင်ကြမယ် "

.

.

.

လက်ထဲက ဖုန်းကို အိပ်ယာပေါ် ပစ်ချပြီး
မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ ခပ်ကြမ်းကြမ်း
ပွတ်သပ်မိသည်။

သူ့ရဲ့ သတိတချက် လွတ်သွားမှုကြောင့်
သားငယ်တို့ ဒုက္ခများရပြီ။

ဖအေတစ်ယောက်အနေနဲ့ သားကို
ဘယ်လိုများ မျက်နှာပြရပါ့မလဲ ......

ထိုစဥ်အိပ်ခန်းတံခါးပွင့်ပြီး လူတစ်ယောက်
၀င်လာလေသည်။

ထိုသူမှာ လှည့်ကြည့်စရာ မလိုလောက်အောင်ပင် ချောက်ချွမ်မှန်း အတပ်သိလိုက်သည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Tempat cerita menjadi hidup. Temukan sekarang