"မင်း ဘာကိုပြောချင်တာလဲ"

"ဗြောင်ဘတ်ခ်ဟျွန်းကြောက်တဲ့အရာက ဒီပုံဆိုတာထက်တခြားတစ်ခုရှိသေးတယ်။ အမှန်တရားဆိုပိုမှန်လိမ့်မယ်"

သူမရှေ့ကကျောင်းသူလေးကိုသာစူးစိုက်ကြည့်နေလိုက်သည်။

"​ဆရာပတ်ချန်းယောလ်နဲ့ ဗြောင်ဘတ်ခ်ဟျွန်းတို့ကြားမှာ လူသိမခံနိုင်တဲ့ဆက်ဆံရေးတစ်ခုရှိတယ်လေ"

စောင့်ကြည့်နေပါဆရာပတ် ကျွန်မကိုဆွဲချပစ်လို့မရဘူးဆိုတာ။

▪️▪️▪️▪️▪️▪️


"ကဲကဲ ဒီနေ့ကိုလန်းလန်းဆန်းဆန်းလေးနဲ့ စာသင်ချိန်စလိုက်ရအောင်ကွာ"

အတန်းထဲဝင်လာသည့်ဆရာလေးက တက်ကြွနေသလို အပြုံးတွေဖောဖောသီသီနှင့် တောက်ပနေတာကြောင့် အခန်းထဲရှိကျောင်းသူ ကျောင်းသားတွေပါ အပြုံးတွေကူးစက်ကုန်သည်။

အနုပညာတက္ကသိုလ်ရဲ့နတ်သားလေးဘွဲ့ကိုခံယူထားသည့် ဆရာပတ်ချန်းယောလ်ဟာ ဒီကျောင်းကိုရောက်တာ လပိုင်းပင်ရှိသေးသည်။

"ဒီနေ့သင်ပေးမှာကတော့ sketch ချဖို့အခြေခံလေးကိုအရင်ပြောပြပေးသွားမှာပါ"

စားပွဲပေါ်ထောက်ထားသည့်လက်လေးပေါ် မေးလေးတင်ကာ stage ပေါ်ကဆရာကိုပြုံးပြုံးလေးကြည့်နေသည့် ဘတ်ခ်ဟျွန်းဆိုတဲ့ကျောင်းသားလေးကို အခန်းရဲ့ထောင့်လေးမှာတွေ့ရလိမ့်မည်ဖြစ်သည်။

"ဟဲ့ ဘာလို့ဒီလောက်တောင်ငေးနေတာလဲ ပုံလိုက်မဆွဲဘူးလား"

"ဆွဲမှာပါနင်ကလဲ"

ဘတ်ခ်ဟျွန်းဘေးမှာထိုင်နေသည့် ယူဂျင်းကသတိပေးလာတော့မှ ဘတ်ခ်ဟျွန်း ခဲတံကိုကိုင်ကာ စဆွဲတော့သည်။

ဆရာပတ်ဝင်တဲ့စာသင်ချိန်ဆို အချိန်ကုန်လို့ကုန်မှန်းမသိအောင် အသင်အပြကောင်းတာကြောင့် အတန်းပြီးချိန်တွင် ကျောင်းသားအချို့က မသွားစေချင်လိုကြောင်း ညည်းညူတက်ကြပါသေးသည်။

"ဘတ်ခ်ဟျွန်း ကန်တင်းသွားမယ်လေ"

"နင်အရင်သွားနှင့် ငါသွားစရာရှိသေးတယ်"

BREATHERWhere stories live. Discover now