Ep - 5

3.9K 356 11
                                    

🖤 ပိုင်းလုံး 🖤 (Ep - 5)

     စေးကပ်ကာ လေးလံလှသော မျက်ခွံတို့အား တွန်းကန်ဖွင့်လိုက်သည်။ ဝေဝေဝါးဝါးမြင်ကွင်းတို့ကြောင့် တဖန်ပြန်မှိတ်ပြီးမှ ပြန်ဖွင့်ကြည့်တော့ Crystal တုံးလေးများဖြင့် တစ်ဖျက်ဖျက်လက်နေသော မီးဆိုင်းငယ်တစ်ခုက ခရမ်းနုရောင်မျက်နှာကျက်တွင် ငွားငွားစွင့်စွင့်...။

အားးး မူးလိုက်တာကွာ... ငါ...ငါ ဘယ်ရောက်နေတာလဲ !!

ကျုံးထလိုက်တော့ မူးကာ ပြန်ပြုတ်ကျသွားသည့် နူးညံ့လွန်းသော အိပ်ယာကျယ်ကြီးတစ်ခု။
ခဏပြန်ငြိမ်ကာ သေချာပြန်စဥ်းစားကြည့်မိသည်။

အာ...နောက်ဆုံးအခြေအနေက ဦးစဝ်သော်ဝေဆက်ဆံနေသည့်အချိန်... အော်ဟစ်ကာတောင်းပန်ကြည့်သော်လည်း မရပ်တန့်သော ဦးစဝ်သော်ဝေကြောင့် ရုန်းရင်းကန်ရင်းနဲ့ ဘာမှမသိတော့သည့် အဖြစ်မျိုး...။

" မင်းသတိရလာပြီလား "

အသံကြောင့် ကြည့်လိုက်တော့ ဦးစဝ်သော်ဝေ လက်ထဲတွင်ဖုန်းကိုင်ထားရင်း ဝရံတာမှ ပြန်ဝင်လာသည့်ပုံ။ မျက်နှာကလည်း မသာယာသေးပေ...။
အားတင်းကာ ထိုင်လိုက်ရင်း...။

" ဟုတ်ကဲ့ "

" သတိရရင်လည်း ခဏနားနေဦး ငါအောက်ဆင်းဦးမယ်.. မင်းစားဖို့တစ်ခုခုပို့ပေးလိုက်မယ်..."

" ဟုတ် "

ဦးစဝ်သော်ဝေ အခန်းထဲကထွက်သွားပြီး ငါးမိနစ်ခန့်အကြာ မျက်နှာချိုမြမြဖြင့် ခပ်ဖိုင့်ဖိုင့်အန်တီကြီးတစ်ယောက်ဝင်လာလေသည်။

" သားသား ကြီးချို သားသားအတွက် စွပ်ပြုတ်လေးယူလာတယ်...သောက်လိုက်သားသားလေး "

အသံလေးဖြင့်ပင်ရင်ထဲနွေးထွေးမိရသည်။
ဒီလိုအိမ်တစ်လုံး၏ မီးဖိုချောင်မှ စားစရာများကို မစားရသည်မှာ မည်မျှကြာနေခဲ့ပြီနည်း။ နှစ်လည်းမနည်းတော့ပေ... အပြင်ကတွေ့တဲ့အစားအသောက်ကို ဖြစ်သလိုစားကာ ' မသေရင်ပြီးရော ' စိတ်ဖြင့် နေထိုင်ရှင်သန်ခဲ့ရသည်မို့...။

" ဟော...သားသား နာနေသေးလို့လား "

" မ...မဟုတ်ပါဘူး ကြီးချို ကျွန်တော်... ကျွန်တော် ဗိုက်ဆာလို့ပါ "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now