Ep - 3

4.4K 370 19
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 3 )

" ကျွန်တော်...ကျွန်တော့ကိုထပ်သုံးပေးပါလား ။ ကျွန်တော်... ဟို ငွေလိုလို့ပါ "

" တနေ့ညက သိန်းနှစ်ဆယ်ကို တစ်ရက်တည်းနဲ့ ဘယ်လိုများသုံးလိုက်လဲ ။ မဟုတ်မှလွဲရော မင်း...မင်းမူးယစ်ဆေးတွေစွဲနေတာလား "

" မ မဟုတ်..ပါ...ဘူး "

" အင်...ဒါဆို "

ကော်ဖီခွက်တော့ရှေ့မှာရှိနေသော်လည်း တစ်စက်လေးမှသောက်မထား။ ကြည့်တော့ နှုတ်ခမ်းလေးပင်ဖြူဖျော့ကာ ပြာသည့်ဘက်လုနေပြီ။ တစ်ချက်ချက်တုန်တတ်သွားပုံက တော်တော်ချမ်းနေသည့်ဟန်ဖြင့်။

" ကျွန်တော် ငွေလိုလို့ပါ ။ ငွေလိုနေလို့ပါ "

" ဒါပေမယ့် အရင်စျေးတော့ ဘယ်ရတော့မလဲ မင်းကပါကင်မှ မဟုတ်တော့တာ "

" ဗျာ...အဲ့...အဲ့ဒါက "

" Second Hand (တစ်ပတ်ရစ်) ကို အသစ်စျေးပေးဝယ်တာ ဘယ်သူရှိလို့လဲ "

" ဒါဆို တစ်ညကို ဘယ်လောက်ပေးမလဲ "

" ဟားးး စျေးတွေဘာတွေတောင်ခေါ်တတ်နေပါ့လား "

" ကျွန်တော်...ကျွန်တော်... "

ရှိုင်းဆက် ခေါင်းငုံ့ချလိုက်ကာ အားတင်းလိုက်ဟန်ဖြင့် စကားကိုဆက်လေသည်။

" အင်း "

" ကျွန်တော် ခင်ဗျားကို စိတ်ကျေနပ်အောင် လုပ်ပေးပါ့မယ်... ငွေကိုတော့ အရမ်းမလျှော့ပါနဲ့ "

" ဟားဟား ကောင်းပါပြီကွာ... ဒီတစ်ကြိမ်ကိုတော့ ငါအရင်စျေးပဲပေးမယ်လေ... နောက်တစ်ကြိမ်ကိုတော့ "

" ရပါတယ်... "

" ဒါနဲ့ မင်းကငွေဘယ်လောက်လိုနေတာလဲ "

ခေတ္တမျှ ငြိမ်သွားပြီး မဝံ့ရဲစွာစကားသံတိုးတိုးထွက်လာလေသည်။

" လိုတာက သိန်းငါးဆယ်လောက်ပါ ဒါပေမယ့် ကျွန်တော် ဖြည်းဖြည်းချင်းရှာလို့ "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now