Ep - 2

5.5K 379 17
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 2 )

ဂျလိန်းးး ဒိန်းးးး

မိုးဖွဲဖွဲလေးကျနေပြီး ကျမ်းစာဖတ်သံသဲ့သဲ့က ပြန့်လွင့်နေသည် ။ အားတင်းကာ မက်တပ်ရပ်နေရာမှ မ်ိုးချိမ်းသံကြားလိုက်ရသည်မို့ ကျွန်တော်ကျောထဲ စိမ့်၍ချမ်းမိသည်။

အတန်းထဲက Class Mate တစ်ယောက် ခရစ်တော်၌ အိပ်ပျော်သည်မို့ အသုဘချခြင်း ကျမ်းစာဖတ်ခြင်းအမှုပြုသည်။ ပြီးလျှင် ဌာနမှူးက အမိန့်စာပြန်ခြင်းပြုဦးမည်မို့ အချိန်ကကြာတော့မည်။

ကောင်းနေလျှင်တော့ ကိစ္စမရှိ။
ဒူးခွေပြီးကျမသွားအောင် တောင့်ထားရသည့်ကျွန်တော်ကတော့ နဖူးကချွေးခြေမကျသည်အထိ ပင်ပန်းနေပါပြီ ။

ညရှစ်နာရီကျော် ကိုးနာရီခန့်မှ မနက်နှစ်နာရီခွဲသည်အထိ သိန်းနှစ်ဆယ်ရရန် ပေးဆပ်ရသည့်ပင်ပန်းမှုကြောင့် သေလုမတတ်ပင် ကိုက်ခဲနာကျင်နေရသည်မို့။

ဝေါ...ဝေါ..... ဂျိမ်း...

ကျွန်တော်အားမနာနိုင်တော့ပေ။
သင်္ချိုင်းတွင်းရှိ အရိုးပြာအိုးများစီ၍ထားသည့် မှန်ဘီဒိုများရှိရာအဆောင်သို့ အပြေးသွားကာ ထိုင်၍ အမောဖြေလိုက်သည်။

" ဘုရားသကြားမလို့ မိုးမြန်မြန်တိတ်ပါစေဗျာ "

ကျောပိုးအိတ်လေး ပိုက်ရင်း ထိုင်ကာ တိုင်လုံးတစ်ခုအား မှီ၍ ထိုင်နေလိုက်သည်။
တရိပ်ရိပ်တတ်လာသော ကိုယ်ငွေ့ပူပူကိုလည်း ခံစားမိနေသည်။

" မေမေ, I am here that you want to live "
( မေမေ , မေမေနေချင်တဲ့နေရာကို သားရောက်နေပြီ)

ရှိုက်သံတစ်ချို့နှင့် တိုးတိုးညင်းညင်းကြားလိုက်ရသော အသံကြောင့် စိတ်ဝင်စားမှုမြင့်တတ်သွားမိသည်။

မြန်မာနိုင်ငံမှာနေချင်တဲ့ နိုင်ငံခြားသားက ဘယ်လိုလူမျိုးပါလိမ့်...။

လူကမထချင်ဖြစ်နေသော်လည်း စိတ်ဝင်စားမှုကြောင့် အသံလာရာ ဘီဒိုများအစီအရီရှိသော ထောင့်လေးသို့ ကျွန်တော် ထလျှောက်သွားမိလိုက်သည်။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now