02

128 24 0
                                    

-U-



သူတို့အိမ်ရောက်သည်အထိစကားမပြောဖြစ်ခဲ့ကြ။ ဘာရယ်မဟုတ် ယွန်းဂီလည်း အတွေးလွန်နေမိသည်။ ရှေ့ဆက်၍ ဖေကြီးနှင့်မေကြီးမရှိတော့သည့်နေ့ရက်များကို သူတို့နှစ်ယောက်ဖြတ်သန်းကြရတော့မည်ပင်။

သူတို့နှစ်ယောက်တည်းဖြတ်သန်းရသည့်နေရက်များက ယောင်းငယ် ငယ်ငယ်ကတည်းက ကြုံတွေ့ခဲ့ရသည့် နေ့ရက်များဖြစ်သောကြောင့် သူတို့အတွက်မထူးခြားလှ။ သိုသော်လည်း
မေကြီးတို့နှင့်ဖြတ်သန်းခဲ့သည့်နေ့ရက်များက
သူတို့အတွက်ထူးခြားလှသောကြောင့် ရုတ်တရက် မထူးခြားသည့်နေ့ရက်များကိုပြန်သွားဖို့ရန် နည်းနည်းတော့ တွန့်ဆုတ်မိသည်။
ထို့အပြင် သူတို့လည်း အရွယ်ရောက်လာခဲ့ကြပြီမဟုတ်ပါလား။

အနည်းဆုံးတော့ဖြင့် ခံစားချက်များက
မတူညီနိုင်တော့သည်မှာ အသေအချာ။

"အကိုယွန်းဂီ ကျွန်တော် အိမ်မှာကျန်နေခဲ့တဲ့ ပန်းချီကားတွေတော့ သယ်ချင်သေးတယ်။"

"ကောင်းပြီလေ။ ကိုယ်ဦးလေးကိုဖုန်းဆက်ပြီးပြောထားလို့က်မယ်။ ပန်းချီကားတွေပြန်လာယူမယ်လို့။ ပိတ်ရက်သွားယူကြတော့ပေါ့။
ဒီကထပ်ခိုးခန်းကို ပန်းချီတွေထားဖို့ရှင်းထားလိုက်မယ်။"

ယွန်းဂီ လက်ထဲမှဆေးလိပ်ကို ဆေးလိပ်ခွက်ထဲထိုးချေကာ မီးငြိမ်းသတ်လိုက်ရင်း
အငွေ့များကို လက်နှင့်ယမ်း၍ ရှင်းထုတ်လိုက်သည်။ ယောင်းငယ်က ဘေးခုံတွင်ထိုင်ရန်ပြင်နေသောကြောင့်ပင်။

"ဒီဝရံတာက မြင်ကွင်းကောင်းသားပဲ။"

"အင်း။ အထပ်မြင့်ဆိုတော့ မြို့မြင်ကွင်းကရှင်းတာပေါ့။ ထယ်ယောင်းသဘောကျလား။"

"မိုက်တယ်။ ငေးလို့ကောင်းမယ့်နေရာပဲ။
ဒါနဲ့အကိုယွန်းဂီ ဘယ်တုန်းက ဆေလိပ်သောက်တတ်သွားမှန်းတောင်ကျွန်တော်မသိဘူး"


ဆေးလိပ်ပြာခွက်ကို ငေးကြည့်ရင်းပြောလာသည့် ထယ်ယောင်းစကားကို ယွန်းဂီဘာပြန်ပြောရမှန်းမသိ။ သူလည်းဘယ်အချိန်ကစသောက်မိမှန်းပင်မမှတ်မိတော့ပေ။ သေချာတာကတော့
သူတစ်ယောက်တည်းနေသည့်အချိန်ကစတာခဲ့သည်ထင်။


Anytime You Back [ Ongoing ]Where stories live. Discover now