ကျွန်းပေါ်တွင် (နောက်ကြောင်းပြန် 4 )

3.8K 349 21
                                    


မင်းသစ် - အား.. နာတယ်သဲရဲ့..

မင်းသစ် နှာခေါင်းပေါ်နဲ့ မျက်နှာပေါ်က ဒဏ်ရာရသွားသော နေရာအချို့ကို ရေနွှေးဝတ်ကပ်ပေးနေသော်လည်း
မသာမက ညှာတာမှူတစက်မှ မရှိ....

သဲငယ် - နာလဲအောင့်ခံ...ဘယ့်နယ့် ချော်လဲတာ နှာခေါင်းရိုးအက်ရတယ်လို့ ...မကြားဘူးပေါင်...

ထိုနေ့က ရန်ပွဲအကြောင်း ပြောရမှာရှက်သောကြောင့် ချော်လဲလို့ ဒဏ်ရာရတယ်ဟုပဲ လိမ်ထားခြင်းဖြစ်သည် ။

သဲငယ် - အလုပ်က ဘယ်လိုလုပ်မလဲလို့ ဒဏ်ရာကြီးနဲ့....

[ ဘယ်လိုမှလုပ်စရာ မလိုဘူးဟေ့... ။ အခြားBodayGuardတွေရဲ့ ကောင်းမှူကြောင့်

"ငါ့ကို တောက်တိုမရ ခိုင်းတဲ့စာရင်းထဲ ထည့်လိုက်တယ် " .. ]

**ငါ့ကိုများ အရည်ချင်းနဲ့ တိုက်ကွက်မရှိပါပဲ နပန်းလုံးတာ Body Guardတွေရဲ့
သိက္ခာထိခိုက်လို့ဆိုပဲ... ငါ့ပညာအစွမ်း အကုန်ထုတ်ပြီး ကြွေးလိုက်ရ... သေအုံးမယ် **

မင်းသစ် - အလုပ်ခွင်ထဲဖြစ်တာမို့.. သူတို့ပဲ ဆေးစရိတ်ပေးတာလေ.. ဘာမှမဖြစ်ပါဘူးသဲရဲ့

သဲငယ် - သေချာဂရုစိုက်စမ်းပါကိုရယ်... အဲ့အလုပ်ကပြုတ်လို့ မရဘူးနော်...

" အေးပါဟယ်... ကို့ရည်းစား ဒဏ်ရာရတာ စိတ်မပူဘူး အလုပ်ပြုတ်မှာကျ စိတ်ပူတယ်...တရားကျချက်ပဲ "

မင်းသစ် - ဒါနဲ့ သဲ...BodyGuardတွေကို အဆောင်ပေးမှာတဲ့ အဲ့မှာပဲနေရမယ်ဆိုပဲ...

သဲငယ် - ဟုတ်လား.. ဘယ်မှာတဲ့လဲ..

မင်းသစ် - အတိကျတော့မသိဘူး... BodyGuardဆိုတော့ အရေးအကြောင်းဆို လာလို့လွယ်အောင် စံအိမ်ခြံဝန်းထဲမှာ အဆောင်ပေးထားတယ်တဲ့...

စံအိမ်သာပြောတယ်...အဲ့တနှာရူးမှာ အိမ်တေမှအများကြီး ဘယ်စံအိမ်လဲတော့ မင်းသစ် အသေချာမသိသေး.... ။

သဲငယ် - ဒါဆို ..ဘယ်တော့ပြောင်းနေရမှာတဲ့လဲ...

မင်းသစ် - မနက်ဖြန်..

မင်းသစ် အသံက တိုးတီးမှူနဲ့အတူ ၊ စိတ်ပျက်မှူတွေပါ ရောပါလာသည် ။

ဟင်း... တနှာရူးကောင်ရဲ့ BodyGuardမို့ အသေစိတ်ညစ်နေပါတာပါဆို ၊ BodyGuardအချင်းချင်းတောင် မင်းသစ်ကိုမကြည်ကြသောကြောင့်
ဒဘလယ် စိတ်ကုန်သွားသည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now