ဒီလိုကျတော့လည်း ချစ်တတ်သားပဲ ....
ဒါနဲ့ ဒီနေ့က ရှင်းတို့ ပထမဆုံးချစ်သူဖြစ်တဲ့နေ့မလား .....
ဝေလင်းတို့က ချစ်သူဖြစ်ပြီး
အသံတောင် ၀င်တယ်ဆိုတော့ သူလည်း
ဒီညအသံ၀င်မှာလား ......
ဒါဆို ၀မ်ကောကောနဲ့ သူနဲ့ .....
အား !! ငါဘာတွေ တွေးနေမိတာလဲ !!
ရှင်းမျက်နှာတစ်ခုလုံး ရှိန်းကနဲ ဖြစ်သွားပြီး
အသားတွေ ပူတက်လာသည်။
ရင်ခုန်စိတ်ကလည်း ထိန်းမရ ......
တကယ်လို့များ တောင်းဆိုလာခဲ့သည်ရှိသော်
သူဘယ်လို လုပ်ရမည်နည်း .....
ငြင်းထုတ်လိုက်သင့်လား ....
ဒါမှမဟုတ် လက်ခံပေးလိုက်ရမလား .....
" ရှင်း .... ရှင်းလေး .... ထွက်ခဲ့တော့လေ "
ရေချိုးတာ ကြာနေပြီမို့ ရိ၀မ်က
အသံပေးလာတော့သည်။
ရှင်းလည်း လဲစရာအ၀တ်အစားမေ့လာတာမို့ ရှိတဲ့ bathrobeကို ၀တ်လိုက်ပြီး
အပြင်ထွက်လာခဲ့လိုက်သည်။
" ကလေး ရေချိုးတာ အကြာကြီးပဲ ... "
" အွန်း ... ရေက ချိုးလို့ကောင်းတယ်လေ "
" အအေးပတ်တော့မှာပဲ "
ရိ၀မ်က ချက်ခြင်းပဲ aircon control ရှာပြီး
အအေး လျော့ချပစ်လိုက်သည်။
ပြီးတော့ ပိုးသား၀တ်စုံအိအိလေးကို
ကလေးရှေ့ချပေးရင်း
" ကလေးအတွက် ... ည၀တ်အိပ်ရအောင်လို့ "
" ကျေးဇူး .... "
" မလိုပါဘူး ကလေးရယ် ..... "
ရှင်းအ၀တ်အစားလဲတော့ ရိ၀မ်က
ရေချိုးခန်းထဲ ၀င်သွားသည်။
ရှင်းအိပ်ယာပေါ်ထိုင် ဖုန်းသုံးနေသည့်အချိန်
ရိ၀မ်ပြန်ရောက်လာ၏။
" ကလေး တစ်ခုခုစားချင်သေးလား "
" ဟင့်အင်း .... "
" အဲ့တာဆို စောစောအိပ်တော့နော် ....
ကိုယ်သွားမယ် "
" ဘယ် ... ဘယ်သွားမှာလဲ "
" ကလေးရဲ့ မျက်နှာချင်းဆိုင် အခန်း .... "
ရှင်း စိတ်ထဲ ကသိကအောက်ဖြစ်သွားမိသည်။
YOU ARE READING
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
Part (36)
Start from the beginning
