Arc(2) No.(1) Host /9/

Beginne am Anfang
                                    

ပိုင်ကျီကတ်တစ်ကတ်ဆွဲထုတ်ပြီးပေးလိုက်သည်။

​​ငွေလွှဲပြီးသွားတော့ သူမကိုယ်ကိုအနည်းငယ်ကိုင်းညွှတ်လိုက်ရင်း: "အရသာရှိရှိသုံးဆောင်ပါ"
ဟု​ပြောကာ လှည့်ထွက်သွားတော့မှ
ပိုင်ကျီအသက်ရှုထုတ်လိုက်ပြီး စိတ်သက်သာသွားတော့တယ်။

ဒီတစ်ခါမှာတော့ ပိုင်ကျီလူချမ်းသာဒုတိယမျိုးဆက်တစ်​ယောက်ဆီ ကူးပြောင်းလာတာဖြစ်ပြီး အဲ့ဒီဒုတိယမျိုးဆက်ကောင်လေးရဲ့နာမည်က ကျန်းကျိုဖြစ်သည်။ လမ်းဖြတ်ကူးနေစဥ်မှာပဲတရားမျှတမှုရှိတဲ့ ကောင်းကင်ပေါ်ကနေပန်းအိုးတစ်အိုးသူ့ပေါ်ကိုကျလာခဲ့သည်။ သူသေသွားပြီးနောက်မှာတော့ systemကသူ့ကိုရှာတွေ့သွားခဲ့ပြီး ဒုတိယလူချမ်းသာမျိုးဆက်လေးလဲ spaceအကြောင်းသိလိုက်ရတာကြောင့် ပျော်ပျော်ကြီးအလဲလှယ်လုပ်ခဲ့တော့တယ်။ ဒီလိုနဲ့ ပိုင်ကျီရောက်လာတော့တာပဲဖြစ်သည်။

ပိုင်ကျီသူအခုကူးပြောင်းလာရတဲ့ ဇာတ်ကောင်ဘဝကိုအရမ်းသဘောကျနေမိ၏။ သူပထမဆုံးစရောက်တဲ့နေ့မှာပဲ ပိုက်ဆံတွေကိုတဝတပြဲဗိုက်​ဖောင်းအောင် စားဖို့သုံးဖြုန်းပစ်လိုက်တော့တယ်။ ဒါပေမယ့် မမျှော်လင့်ထားတာကတော့ နောက်ကမ္ဘာကိုကူးပြောင်းလာတာတောင်မှ လူသားတွေစားတဲ့အစားသောက်တွေကအရသာဆိုးနေတုန်းပင်။ နောက်ဆုံးတော့ သူဝမ်းတွေလျှောပြီး ပြိုလဲကျလုနီးနီးဖြစ်သွားခဲ့လေ၏။

ဖန်ကျင်းမော့လက်ထဲမှာကြီးပြင်းလာခဲ့ရတဲ့ ပိုင်ကျီလေးကတော့ နောက်တစ်ခါအန္တာရာယ်တွေနဲ့ရင်ဆိုင်ရပြန်တော့သည်။

ဒါကြောင့်ပဲ သူဒီမစ်ရှင်ကိုအမြန်အဆုံးသတ်သွားစေချင်နေပြီး systemဆီကစိတ်ဝိညာဥ်သီးတွေနဲ့အမြန်လဲလှယ်နေချင်လေပြီ။ ဒီလိုနဲ့ သူဒီ
နေ့ဒီစားသောက်ဆိုင်ကိုလာခဲ့တာပဲဖြစ်သည်။

အကြောင်းပြချက်ကတော့ရှင်းရှင်းလေးပင်။ ဒီကမ္ဘာရဲ့ဗီလိန်က ဒီနေ့ဒီစားသောက်ဆိုင်ကိုလာလိမ့်မယ်လို့ systemကတွေ့ရှိထားတာကြောင့်ဖြစ်သည်။

ပိုင်ကျီရဲ့အစားသောက်တွေက အလွန်လျှင်မြန်စွာပဲရောက်လို့လာ၏။ ဒါပေမယ့် သူတစ်လုပ်မှမစား​ပေ။ ပိုင်ကျီ့အာရုံတစ်ခုလုံးက လှိုင်းကောက်ပုံဆံပင်နဲ့ သူမ​ဘေးကအမျိုးသားဆီမှာပင်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Wo Geschichten leben. Entdecke jetzt