"ခေါ်ချင်လို့....."
"ငါ့ကိုလှည့်ကြည့်ပြီးပြောလေ ဘာလဲခေါ်တုန်းကခေါ်လာပြီး ကြည့်ဖို့တောင်မတန်ဘူးဆိုတဲ့သဘောလား....!"
ဆွဲခေါ်လာတဲ့အရှိန်ကမသေးလို့။ သေချာပေါက်နာသွားမှာသိနေလို့။
နာကျင်နေတဲ့မျက်နှာလေးကိုမကြည့်ရက်လို့။
ဒေါသထွက်နေမှာနားလည်ပေမဲ့ရှင်းပြစရာစကားလုံးမရှိလို့ စိတ်ထဲကပေးတဲ့ဆင်ခြေတွေ။
"ငါမေးနေတယ်လေ....!"
"ကိုယ်တော်မင်းကို အပြင်ထွက်ဖို့ခွင့်မပြုထားဘူးလေ...."
လှည့်ကြည့်ကာ ပြောလာတဲ့မျက်နှာဟာ စောစောကသရဲဘီလူးတကောင်လိုမျက်နှာမျိုးနဲ့မတူ ခပ်အေးအေးသာ ဖြေဆိုနေပြန်သည်။
"ငါ့ဟာငါ ပျင်းတဲ့အချိန်ထွက်ချင်တဲ့အချိန် ငါ့စိတ်နဲ့ငါ့ကိုယ် သွားချင်သွားမယ် အပြစ်သားတယောက်လို လာမဆက်ဆံနဲ့.....!"
"အပြစ်သားလိုသဘောထားခဲ့ရင် အဲနေရာတင်ရိုက်သတ်လို့ သေသွားပြီပေါ့ မကြိုက်ဘူး မသွားနဲ့ ဘယ်သူနဲ့မှစကားလဲမပြောနဲ့ ကိုယ်တော်ကလွဲရင် ဘယ်သူမှမယုံနဲ့ ဒါကိုနားလည်ထား ဒါဟီဟာ မဟုတ်ဘူးအဲဒါကြောင့်ဟီလာမှာလိုမနေပါနဲ့....."
"ငါစကားပြောနေတာ တခြားသူမဟုတ်ဘူး မင်းအစ်မတော် မတော်တဆ ဆုံမိလို့နှုတ်ဆက်ရုံပဲ ဘာကိစ္စအကြီးကြီးတွေတွေးနေတာလဲမင်းက ဘာကပြသနာမလို့လဲ....!"
"အနောက်နန်းဆောင်မှာ မတော်တဆ ဆုံတယ်ဆိုတာမရှိဘူး ဒီနန်းဆောင်က ကိုယ်တော်ကလွဲရင် ခန့်အပ်ထားတဲ့အမှုထမ်းတွေကလွဲရင် ဘယ်သူမှခြေချလို့ရတာမဟုတ်ဘူး...."
"ဒါပေမဲ့သူက တိုင်းပြည်မင်းသမီးလေ သူ့တိုင်းပြည် သူ့နန်းဆောင်......"
"ကိုယ်တော်က တိုင်းပြည်ဘုရင် အနောက်နန်းဆောင်က ကိုယ်တော့်အပိုင်....."
ညာဘက်လက်တစ်ဖက်အားဖိကိုင်ကာ ဒေါသမျက်လုံးတွေနဲ့ ပြင်းပြင်းထန်ထန်ကြည့်လာတဲ့ကောင်လေးဟာ သူမှန်နေတဲ့ကိစ္စအတွက်မခံမရပ်နိုင်ဖြစ်နေတဲ့ပုံ။
"ပြလက် ဘာဖြစ်သွားတာလဲ...."
"ဝေးဝေးနေ လာမထိနဲ့ မင်းကိုတခုခု ပြန်မလုပ်မိခင် ထွက်သွား.....!"
YOU ARE READING
☀️Sun & Moon🌕